နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၀ အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ (ဗိုလ်လုပွဲ) – ရေပန်းအစားဆုံး နှစ်သင်းပဲ ရွှေတံဆိပ်ဆု လုရမယ့်ပွဲ

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘရာဇီးလ် – စပိန်

ဩဂုတ်လ ၇ ရက်၊ စနေနေ့၊ မြန်မာစံတော်ချိန် ညနေ ၆:၀၀ နာရီ။

အများစု ကြိုတင် ခန့်မှန်းခဲ့တဲ့ အတိုင်း ၂၀၂၀ အိုလံပစ် အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲ မှာတော့ ဘရာဇီးလ်နဲ့ စပိန် တို့ပဲ တွေ့ဆုံနေခဲ့ပါပြီ။ အိုလံပစ်မှာ ၃ ကြိမ်ဆက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တဲ့ ဘရာဇီးလ် အနေနဲ့ လက်ရှိ ချန်ပီယံ ဖြစ်သလို ရွှေတံဆိပ်ဆု အတွက် ရေပန်းအစားဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရပေမယ့် နာမည်ကြီး ကစားသမားတွေ ပါဝင်နေတဲ့ စပိန် ကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ နည်းစနစ် ဗျူဟာပိုင်း အဓိက ယှဉ်ပြိုင်ရမယ့် သဘောရှိလို့ SBOTOP ဘောလုံး ဝါသနာရှင်တွေ အနေနဲ့ သေချာပေါက် ပွဲကောင်း တစ်ပွဲကို အားပေးရဦးမှာပါ။
 

လက်ရှိ ခြေစွမ်း

ထူးဆန်းတာက ၂၀၂၀ အိုလံပစ် လာပြိုင်တဲ့ စပိန်မှာ ယူရို ၂၀၂၀ နွှဲခဲ့တဲ့ ပက်ဒရီ၊ အော်လမို၊ အိုရာဇာဘယ်၊ ပါအူ တောရက်စ်၊ အဲရစ် ဂါစီယာ၊ အူနိုင်းဆီမွန် အပြင် အဆန်ဆီရိုလို တိုက်စစ်မှူးမျိုး ပါဝင်လာပေမယ့် နိုင်ပွဲ ရဖို့ အရမ်းကို ခက်ခဲနေတာ ဖြစ်ပါတယ်။
ရှုံးထွက်အဆင့်တွေမှာ အချိန်ပို အထိ ကစားပြီးမှ ဗိုလ်လုပွဲ တက်ခဲ့တဲ့ စပိန်

ဘရာဇီးလ်ရဲ့ ၂၀၂၀ အိုလံပစ် အဖွင့်က တော်တော်လေး လှခဲ့တယ်လို့ ဆိုရပါမယ်။ ရစ်ချာလီဆင်ရဲ့ ဟက်ထရစ် အပါအဝင် ဂျာမနီကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ ဘရာဇီးလ်တို့ အိုင်ဗရီကို့စ်နဲ့ ပွဲမှာလည်း ပုံစံကောင်း တစ်ခုနဲ့ အနိုင်ရဖို့ မျှော်လင့်ခဲ့ပေမယ့် ကွင်းလယ်က ဒေါက်ဂလပ်စ် လူးဝစ်ဇ် စောစောစီးစီး ထုတ်ပယ်ခံလိုက်ရလို့ ဂိုးမရှိ သရေနဲ့ ကျေနပ်ခဲ့ရပါတယ်။ ဆော်ဒီအာရေဗျနဲ့ ပွဲမှာတော့ ရစ်ချာလီဆင် ၂ ဂိုး၊ ကွန်ဟာ ၁ ဂိုးသွင်းပြီး ၃-၁ ရလဒ် အနိုင်ပြန်ရခဲ့ပြီး အုပ်စု ပထမနေရာနဲ့ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာ ကွန်ဟာရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အီဂျစ်ကို ကပ်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ် မှာတော့ မက္ကဆီကိုနဲ့ တွေ့ဆုံခဲ့ပါတယ်။ မက္ကဆီကိုနဲ့ ပွဲမှာ အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်မှူးတွေ ဂိုးပေါက် ပျောက်နေခဲ့တာကြောင့် အချိန်ပို ပင်နယ်တီတွေ အထိ ဆက်ခဲ့ရတဲ့ ဘရာဇီးလ်တို့ ရိုးရာမပျက် အိုလံပစ် ဗိုလ်လုပွဲ တက်ခဲ့ပြီး စပိန်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဘရာဇီးလ်ဟာ လက်ရွေးစင် အသင်းကြီး မှာရော လက်ရှိ ယူ ၂၃ အသင်းမှာပါ အရည်အသွေး ရှိတဲ့ ကစားသမားကောင်း များစွာ ပိုင်ဆိုင်ထားပေမယ့် အစကောင်း သလောက် ဘာကြောင့် အနှောင်း မသေချာ ဖြစ်နေရသလဲ ဆိုတာ စဉ်းစားရတော့ ခက်ပါတယ်။ ၂၀၂၀ အိုလံပစ် အဖွင့် ပွဲစဉ်တွေမှာ ခြေစွမ်း ပြခဲ့တဲ့ တိုက်စစ်က နောက်ပိုင်းမှာ သိသိသာသာ ဂိုးသွင်းနှုန်း ကျဆင်းလာခဲ့တာကြောင့် ပြီးခဲ့တဲ့ ကိုပါအမေရိကဖလား လိုများ ဖြစ်သွားမလား ဆိုပြီးတောင် သံသယ ဝင်နေမိပါတယ်။

စပိန် ကိုတော့ ရေပန်းအစားဆုံး အသင်း တစ်သင်းအဖြစ် အများက သတ်မှတ်ခဲ့ကြပေမယ့် အားရစရာ မရှိတဲ့ ခြေစွမ်းကြောင့် ဒီအဆင့်ထိ ရောက်မယ်လို့ကို မထင်ခဲ့တာပါ။ ဒါပေမယ့် လူးဝစ်ဖျူအန်တေးရဲ့ အသင်းက  ဗိုလ်လုပွဲ အထိ ရောက်ရှိလာပြီ ဖြစ်လို့ လုံးဝ လျှော့တွက်လို့ မရတော့ပါဘူး။ အုပ်စု ပွဲစဉ် ၃ ပွဲမှာ ဩစတြေးလျ တစ်သင်းတည်းကို ၁-၀ နဲ့ အနိုင်ရပြီး အီဂျစ်နဲ့ သရေ၊ အာဂျင်တီးနားနဲ့ သရေ ကျခဲ့တဲ့ စပိန်ရဲ့ ခြေစွမ်းဟာ စိတ်ပျက်စရာ ကောင်းခဲ့သလို အိုင်ဗရီကို့စ်ကို ၅-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် မိနစ် ၁၂၀ အထိ အသည်းအသန် ကစားခဲ့ရသလို ဂျပန်ကိုလည်း အချိန်ပိုထိ ကစားပြီးမှာ အဆန်ဆီရိုရဲ့ တစ်လုံးတည်းသော နောက်ကျဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်လာခဲ့တာ ဖြစ်ပါတယ်။ ထူးဆန်းတာက ၂၀၂၀ အိုလံပစ် လာပြိုင်တဲ့ စပိန်မှာ ယူရို ၂၀၂၀ နွှဲခဲ့တဲ့ ပက်ဒရီ၊ အော်လမို၊ အိုရာဇာဘယ်၊ ပါအူ တောရက်စ်၊ အဲရစ် ဂါစီယာ၊ အူနိုင်းဆီမွန် အပြင် အဆန်ဆီရိုလို တိုက်စစ်မှူးမျိုး ပါဝင်လာပေမယ့် နိုင်ပွဲ ရဖို့ အရမ်းကို ခက်ခဲနေတာ ဖြစ်ပါတယ်။ သေချာတာက အရင်ပွဲတွေ အတိုင်းသာ အထနှေးနှေးနဲ့ ဘရာဇီးလ်ကို ရင်ဆိုင်လာမယ် ဆိုရင်တော့ စပိန်တို့ အခြေအနေ ကောင်းဖို့ မရှိပါဘူး။
 

 

ထိပ်တိုက်တွေ့ဆုံမှု

အိုလံပစ် မှာတော့ ဘရာဇီးလ်နဲ့ စပိန်တို့ တစ်ကြိမ်တစ်ခါမှ ထိပ်တိုက်တွေ့ဆုံထားခဲ့ခြင်း မရှိသေးတာ တွေ့ရပါတယ်။ ဘရာဇီးဟာ ၂၀၁၆ ရီယို အိုလံပစ်မှာ ရွှေတံဆိပ် ၁ ကြိမ် ရရှိခဲ့ပြီး ၂၀၁၂ လန်ဒန် အိုလံပစ်မှာတော့ ငွေတံဆိပ် ၁ ကြိမ် ရရှိခဲ့ဖူးပါတယ်။ စပိန်ကလည်း ၁၉၉၂ ဘာစီလိုနာ အိုလံပစ်မှာ ရွှေတံဆိပ် ၁ ကြိမ် ရရှိခဲ့ပြီး ၂၀၀၀ ဆစ်ဒနီ အိုလံပစ် မှာတော့ ငွေတံဆိပ် ၁ ကြိမ် ရရှိဖူးလို့ တူညီတဲ့ အိုလံပစ် အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။
 

ခန့်မှန်းရလဒ် : ဘရာဇီးလ် ၁ – ၀ စပိန်

ရေပန်းအစားဆုံး အသင်းတွေ ဖြစ်ပေမယ့် တကယ်တမ်းတော့ နှစ်သင်းလုံးရဲ့ ခြေစွမ်းပိုင်းက သိပ်ပြီး အားရစရာ အခြေအနေမှာ ရှိမနေပါဘူး။ စပိန်မှာ ကစားသမားကောင်းတွေ ပိုများတယ် ဆိုပေမယ့် အသင်းလိုက် စုဖွဲ့မှု မှာတော့ ဘရာဇီးလ်ကို မမှီတာ တွေ့ရပါတယ်။ ခန့်မှန်းရခက်တဲ့ ပွဲလို့ပဲ ပြောရဦးမှာပေမယ့် မဖြစ်မနေ ဆိုရင်တော့ ကစားပုံ ပိုပြီး တည်ငြိမ်သလို အဆုံးသတ် ပိုသေချာတဲ့ ဘရာဇီးလ်ကိုပဲ ရွေးချယ်ချင်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်