နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ရှိ အန်ဘီအေရဲ့အရပ်အမောင်းအမြင့်မားဆုံးကစားသမားများ

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘတ်စကတ်ဘော ဆိုတာ အရပ်ရှည်တဲ့ သူတွေပဲ ကစားလို့ရတဲ့ အားကစားတစ်ခုလို့ တထစ်ချ ပြောလို့မရပေမယ့် ၁၀ ပေအမြင့်ရှိတဲ့ တိုင်ထိပ်က ဂိုးခြင်းထဲကို ဘောလုံးဝင်အောင် သွင်းယူနိုင်ဖို့ဆိုရင်တော့ ကစားသမား အနေနဲ့ အရပ်အမောင်းမြင့်မားမှပဲ စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘောကစားသမား အများစုရဲ့ ခန့်မှန်းအရပ်အမောင်းဟာ အနိမ့်ဆုံး ၆ ပေနဲ့ အထက်မှာရှိနေကြပြီး ကမ္ဘာ့နံပါတ် ၁ ဘတ်စကတ်ဘောပြိုင်ပွဲ အန်ဘီအေ မှာ ကစားနေကြတဲ့ ကစားသမားအများစုကတော့ အရပ်အမောင်းတော်တော်လေး မြင့်မားကြတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် လက်ရှိ အန်ဘီအေ မှာ ကစားနေကြတဲ့ အရပ်အမောင်း အမြင့်ဆုံးကစားသမားတွေက ဘယ်သူတွေလဲဆိုတာ SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးပါဦးမယ်။
 

၁။ တက်ကို ဖောလ် (၇ပေ ၆လက်မ)

အသက် ၂၄ နှစ်အရွယ် ဆီနီဂေါသား အန်ဘီအေ ကစားသမားကတော့ လက်ရှိမှာ အရပ်အမောင်းအမြင့်ဆုံးဖြစ်ပြီး ဖိနပ်စီးထားတဲ့ အချိန်မှာဆိုရင် ၇ပေ၇လက်မ ထိမြင့်မားပါတယ်။ ဖောလ် ဟာ အန်ဘီအေ သမိုင်းတစ်လျှောက် အရပ်အမောင်း အမြင့်မားဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားပါတယ်။ လက်ကို အပေါ်ကိုဆန့်တန်း မြှောက်လိုက်ရင် ၁၀ပေ ၂လက်မအထိ မြင့်မားသလို လေထဲ အားယူပြီး ခုန်တဲ့ အချိန်မှာတော့ ၈ပေ ၂လက်မလောက်အထိ အမြင့်ကိုရောက်ရှိနိုင်တယ်လို့ အန်ဘီအေ ရဲ့မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဖလောရီဒါပြည်နယ် ကောလိပ်မှာ လက်စွမ်းပြပြီး နာမည်ကြီးလာခဲ့တဲ့ တက်ကိုဖောလ်ကို ဘော်စတွန်ဆဲလ်တစ် ကခေါ်ယူခဲ့ပေမယ့် ပွဲထွက်ကစားသမားအဖြစ် ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာမှ ၂ပွဲလောက်ပဲ ပါဝင်ကစားခွင့်ရထားခဲ့ပါတယ်။
 

၂။ ခရစ်စတပ်စ် ပေါဇင်းဂစ် (၇ပေ ၃လက်မ)

ဒီနှစ်အန်ဘီအေမှာ စွမ်းဆောင်ရည်အရ ပျမ်းမျှ ၂၀.၄မှတ်၊ ရီဘောင်း ၉.၅ ကြိမ်၊ ဖန်တီးမှု ၁.၈ ကြိမ်ရှိထားပါတယ်။
ဘတ်စကတ်ဘောမျိုးဆက်ရဲ့ အလားအလာအရှိဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ ခရစ်စတပ်စ် ပေါဇင်းဂစ်

အသက် ၂၅ နှစ်အရွယ် လတ်ဗီးယား အန်ဘီအေ ကြယ်ပွင့် ပေါဇင်းဂစ်ရဲ့ အရပ်အမောင်းကတော့ ၇ပေ ၃လက်မ မြင့်မားပါတယ်။ ပေါဇင်းဂစ်ဟာ လက်ရှိ ဘတ်စကတ်ဘောမျိုးဆက်ရဲ့ အလားအလာအရှိဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရပြီး ပါဝင်ကစားတဲ့ ပွဲတိုင်းမှာ တိကျတဲ့ အဝေးပစ်ချက်တွေနဲ့အတူ အသင်းအတွက် ရမှတ် တော်တော်များများ ရှာပေးနိုင်ခဲ့ပြီး ဒီနှစ်အန်ဘီအေမှာ စွမ်းဆောင်ရည်အရ ပျမ်းမျှ၂၀.၄မှတ်၊ ရီဘောင်း ၉.၅ ကြိမ်၊ ဖန်တီးမှု ၁.၈ ကြိမ်ရှိထားပါတယ်။ နယူးယော့ခ်နစ်ခ် အသင်းမှာ ကစားခဲ့စဉ် ၂၀၁၈ ခုနှစ်တုန်းက အန်ဘီအေ ကြယ်ပွင့် ကစားသမားအဖြစ် ပထမဦးဆုံးအကြိမ်ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။
 

၃။ ဘိုဘန် မာဂျန်နိုဗစ် (၇ပေ ၃လက်မ)

ဆားဘီးယား လူထွားကြီးလို့ အားလုံးကသိကြတဲ့ အသက် ၃၂ နှစ်အရွယ် ဘိုဘန်မာဂျန်နိုဗစ်ဟာလည်း အရပ်အမောင်း ၇ပေ ၃လက်မရှိပြီး ရုရှားနဲ့ ဥရောပ ဘတ်စကတ်ဘောလိဂ်တွေ မှာ နှစ်တော်တော်ကြာကြာ ကျင်လည်ခဲ့တဲ့ စီနီယာဘတ်စကတ်ဘော ကစားသမားကြီး ဖြစ်ပါတယ်။ ဘိုဘန်ရဲ့ ဖခင်ဖြစ်သူဟာ အရပ် ၅ပေ၉လက်မသာမြင့်ပြီး မိခင်ဖြစ်သူကတော့ ၅ပေ ပဲရှိပါတယ်။ ဘိုဘန်ရဲ့ ထူးခြားချက်ကတော့ ငယ်စဉ်က သာမန်လူတွေလိုပဲ ပုံမှန်အရပ်ပဲရှိခဲ့ပေမယ့် ဟော်မုန်းအကျိတ်ရောဂါတမျိုးကြောင့် မမျှော်လင့်ပဲ ခန္ဓာကိုယ် ဖွံဖြိုးမှုနှုန်း မြင့်မားခဲ့တယ်လို့ သိရပါတယ်။ အဲ့နောက်မှာ ဘတ်စကတ်ဘော ကစားသမားတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး သူ့ရဲ့ထူးချွန်မှုကြောင့် ကမ္ဘာပေါ်က ဘတ်စကတ်ဘော ပရိသတ်တော်တော်များများရဲ့ ချစ်ခင်လေးစားမှုကို ခံထားရသူလည်း ဖြစ်ပါတယ်။
 

၄။ ဘိုလ်ဘိုးလ် (၇ပေ ၂လက်မ)

နာမည်ကျော် ဘတ်စကတ်ဘောကစားသမား မာနု ဘိုးလ်ရဲ့ သားဖြစ်သူ ဘိုလ်ဘိုးလ်ဟာလည်း အရပ်အမောင်း ၇ပေ ၂လက်မရှိပါတယ်။ ဖခင်ဖြစ်သူရဲက ခြေရာကို နင်းနိုင်ခဲ့တဲ့ ဘိုးလ်ဟာ ဘတ်စကတ်ဘောကိုင်တွယ်တဲ့ စွမ်းရည်နဲ့ ဂိုးထဲပစ်သွင်းတဲ့ စွမ်းရည်တို့မှာ ထူးချွန်တဲ့ ကစားသမားဖြစ်ပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ လူငယ်ကြယ်ပွင့်လေးဟာ အော်ရီဂွန် ကောလိပ်ကနေ တောက်ပလာပြီး ဒန်ဗားနူးဂတ်စ်အတွက် ပုံမှန်ရာသီပွဲစဉ် နဲ့ ရှုံးထွက်ပွဲစဉ် ၁၁ ပွဲလောက် ကစားထားပါတယ်။ ဘိုးလ်ဟာ ဒဏ်ရာကြောင့် အနားယူနေရပေမယ့် ပြန်လည်သက်သာလာတဲ့ အချိန်မှာ အရင်ထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ မျှော်လင့်ရပြီး အနာဂတ်မှာတောက်ပလာမယ့် ဘတ်စကတ်ဘောကြယ်ပွင့် အဖြစ် သတ်မှတ်ခံထားရပါတယ်။
 

၅။ မီရာစ့် လီယိုနတ်ဒ် (၇ပေ ၁လက်မ)

၂၀၁၂ ခုနှစ်က ပထမဆုံးအကြိမ် ပွဲထွက်ကစားသမားအဖြစ် ရွေးချယ်ခံရပြီး အော်ရီဂွန်ပြည်နယ် ပို့တ်လန်းမြို့အခြေစိုက် ဘတ်စကတ်ဘောအသင်း ပို့တ်လန်းထရေးလ်ဘလေဇာမှာ ၇နှစ်အကြာကစားထားတဲ့ မီရာ့စ် လီယိုနတ်ဒ်ဟာလည်း အန်ဘီအေ ရဲ့ အရပ်အမောင်းအမြင့်မားဆုံး ကစားသမားတွေထဲကတစ်ယောက် ဖြစ်ပါတယ်။ အသက် ၂၈နှစ်အရွယ် ကစားသမားကတော့ စည်းပြင်ကနေ ဂိုးပေါက်ထဲပစ်သွင်းပြီး ၃ မှတ်အရယူတဲ့ နေရာမှာ ကျွမ်းကျင်သူလို့ သတ်မှတ်လို့ရပြီး သူပစ်သွင်းခဲ့သမျှရဲ့ ၃၉ ရာခိုင်နှုန်းလောက် က ဂိုးပေါက်ထဲ တိတိကျကျဝင်ခဲ့တယ်လို့ သိရပါတယ်။ မီရာ့စ်လီယိုနတ်ဒ်လိုပဲ အရပ် ၇ပေ ၁လက်မနဲ့ အန်ဘီအေ ရဲ့ အရပ်အမောင်းအမြင့်ဆုံး ကစားသမား ၁၀ဦး စာရင်းဝင်တဲ့ နောက်ထပ် ကစားသမား ၅ဦးရှိနေပါသေးတယ်။

ရုဒီဂိုးလ်ဘတ် (အူတာဂျက်ဇ်)

လုခ်ကောနတ် (ချီကာဂိုးဘူးလ်စ်)

အဲလက်စ်လန်း (ဆီခရာမန်တိုကင်းနစ်)

မာ့ခ် ဂါဆိုလ် (တိုရွန်တို ရက်ပ်တာ့စ်)

တိုင်ဆန် ချန်ဒလာ (ဟောက်စတန်ရော့တ်ကတ်)
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်