နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဘီအေ အနောက်ကွန်းဖရင့်ဗိုလ်လုပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၀ အန်ဘီအေ ပွဲစဉ်တွေဟာဆိုရင်တော့ ပြီးဆုံးဖို့ တဖြေးဖြေးနီးကပ်လာခဲ့ပြီး အခုဆိုရင် အရှေ့နဲ့ အနောက် ကွန်းဖရင့် ဗိုလ်လုပွဲတွေတောင် ကစားနေပါပြီ။ အနောက်ကွန်းဖရင့်မှာတော့ နာမည်ကြီး အဲလ်အေလိတ်ကာစ် နဲ့ ဒန်ဗားနူးဂတ်စ်တို့ ဗိုလ်လုနေကြပြီးတော့ လာမယ့် စက်တင်ဘာလ ၂၅ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇:၃၀ အချိန်မှာ  ပွဲစဉ် (၄)ကို ဆက်လက်ကစားဖို့ရှိနေကြပါတယ်။

 

အဲလ်အေလိတ်ကာစ် Vs ဒန်ဗားနူးဂတ်စ် (ပွဲစဉ် ၄)

ကွန်းဖရင့်တစ်ခုစီကနေ ရှုံးထွက်အဆင့်ကိုရောက်လာတဲ့ အသင်းပေါင်း ၁၆သင်းကနေ အခုဆိုရင် ၄သင်းသာကျန်ရှိပြီး ကွန်းဖရင့် ဗိုလ်လုပွဲစဉ်တွေကိုလည်း ကစားနေကြပြီ ဖြစ်ပါတယ်။ အနောက်ပိုင်းရဲ့နာမည်ကြီး အဲလ်အေလိတ်ကာစ်တို့ ၂၀၁၀နောက်ပိုင်း အန်ဘီအေ ကွန်းဖရင့် ဗိုလ်လုပွဲကို တဖန်တက်လှမ်းနိုင်ခဲ့တာ ဖြစ်သလို ဒန်ဗားနူးဂတ်စ် တို့ကတော့ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် အန်ဘီအေ ကွန်းဖရင့်ဖိုင်နယ်ကို တက်လှမ်းလာနိုင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကွန်းဖရင့် ဆီမီးဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရတဲ့ နူးဂတ်စ်တို့ အတွက်ကတော့ ဒီနှစ် အနောက်ကွန်းဖရင့် ဗိုလ်လုပွဲမှာ အဲလ်အေလိတ်ကာစ်လို အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေခဲ့လို့ ရုံးကန်နေရပြန်ပါတယ်။ အသင်းစတင်တည်ထောင်တဲ့ ၁၉၇၇ ခုနှစ်ကတည်း က အခုအချိန်အထိ အနောက်ကွန်းဖရင့် ဒုတိယဆိုတဲ့ အဆင့်ဟာ နူးဂတ်စ်ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ဖြစ်ပါတယ်။ အဲလ်အေလိတ်ကာစ်တို့ကတော့ အန်ဘီအေရဲ့အအောင်မြင်ဆုံးအသင်းတစ်သင်း ဆိုတဲ့အတိုင်း ၁၉၄၉ ခုနှစ်ကနေ လက်ရှိအထိ စုစုပေါင်း ၇၂ ရာသီဖြတ်သန်းခဲ့ရာမှာ  ရှုံးထွက်အဆင့်ကို ၆၁ ကြိမ်တက်ရောက်ပြီး အနောက်ကွန်းဖရင့်ချန်ပီယံ ၃၁ ကြိမ်အထိ ဖြစ်ထားပါတယ်။

လိတ်ကာစ်တို့ အစောပိုင်း ၂ပွဲပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲစဉ် (၃)မှာ နူးဂတ်စ်ရဲ့ အဓိကကစားသမား နီကိုလာ ဂျိုကစ်နဲ့ ဂျမဲလ် မာရေးတို့ လိတ်ကာစ်တို့ လက်စွမ်းပြခဲ့တာကြောင့် ၁၁၄-၁၀၆ နဲ့ ပြန်ရှုံးထားပါတယ်။ အရင်ဆုံး နိုင်ပွဲ ၄ ပွဲပြည့်တဲ့ အသင်းက အန်ဘီအေကွန်းဖရင့် ချန်ပီယံ ဖြစ်မှာမို့လို့ နူးဂတ်စ်ထက်စာရင် လိတ်ကာစ်တို့ ပိုပြီး အခြေအနေကောင်းနေခဲ့တယ်ဆိုပေမယ့် ပွဲစဉ် (၃)ကြောင့် လာမယ့်ပွဲစဉ်တွေက ပိုပြီး ရင်ခုန်စရာကောင်းလာမှာပါ။

 

စောင့်ကြည့်ရမယ့် ကစားသမားများ

အန်တိုနီဒေးဗစ် (အဲလ်အေလိတ်ကာစ်)

လိတ်ကာစ်တို့ လီဘရွန်ဂျိမ်းစ်ရဲ့ ဦးဆောင်မှုနောက်ကနေ အန်ဘီအေ ချန်ပီယံရှစ်တကျော့ပြန် ရယူနိုင်ဖို့ ကြိုးစားနေပြီး ဂျိမ်းစ်ကိုယ်တိုင်ကလည်း ပွဲတိုင်း ရမှတ်၊ ရီဘောင်းနဲ့ ဖန်တီးမှုတွေ အများအပြား ပြုလုပ်ပေးထားပါတယ်။ လီဘရွန်ဂျိမ်းစ်နဲ့ အတူ အသင်းမှာ အကောင်းဆုံးစွမ်းဆောင်ထားနိုင်တဲ့ ကစားသမားကတော့ အန်တိုနီဒေးဗစ် (အေဒီ)ပါ။ အေဒီအနေနဲ့ ဒီရာသီမှာ ပျမ်းမျှရမှတ် ၂၆.၁မှတ်၊ ရီဘောင်း ၉.၃ ကြိမ်နဲ့ ဖန်တီးမှု ၃.၂ ကြိမ်ပြုလုပ်ထားနိုင်ပြီး လီဘရွန်ဂျိမ်းစ်ရဲ့ ပျမ်းမျှရမှတ် ၂၅.၃ ထက်များနေတာတွေ့ရသလို ရီဘောင်းမှာလည်း ဂျိမ်းစ်ထက် ၁.၅ ကြိမ်လောက်ပိုသာနေတာကိုတွေ့ရပါတယ်။ လက်ရှိကွန်းဖရင့်ဖိုင်နယ် ပွဲစဉ် ၃ ပွဲကစားထားရာမှာ အေဒီအနေနဲ့ သူတစ်ဦးတည်း ရမှတ် ၉၅မှတ်၊ ရီဘောင်း ၂၁ ကြိမ်နဲ့ ဖန်တီးမှု ၇ ကြိမ်ရှိထားပါတယ်။ လာမယ့် ပွဲစဉ် (၄)မှာလည်း လီဘရွန်ဂျိမ်းစ် ထက် အေဒီကို ပိုပြီးလက်စွမ်းပြနိုင်မယ်လို့ ထင်နေပါတယ်။

နူးဂတ်စ်ထက်စာရင် လိတ်ကာစ်တို့ ပိုပြီး အခြေအနေကောင်းနေခဲ့တယ်ဆိုပေမယ့် ပွဲစဉ် ၃ ကြောင့် လာမယ့်ပွဲစဉ်တွေက ပိုပြီး ရင်ခုန်စရာကောင်းလာမှာပါ။
၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် အန်ဘီအေ ကွန်းဖရင့်ဖိုင်နယ်ကို တက်လှမ်းလာနိုင်တဲ့

လီဘရွန်ဂျိမ်းစ်နဲ့ အန်တိုနီဒေးဗစ်လိုပဲ ဂျမဲလ်မာရေးနဲ့ နီကိုလာဂျိုကစ်တို့ဟာ အသင်းအတွက် အကောင်းဆုံးအကျိုးပြုနေတာတွေ့ရပါတယ်။ လက်ရှိဗိုလ်လုပွဲ ၃ ပွဲကစားထားချိန်မှာ အသင်းအတွက် တစ်ဦးချင်း ရမှတ် ၇၀ကျော်လောက်ထိ ရယူပေးထားခဲ့သလို ပွဲစဉ် (၃)မှာ နူးဂတ်စ်တို့ ပြန်ပြီးအနိုင်ရခဲ့တာကလည်း နီကိုလာဂျိုကစ်ရဲ့ မာမာထန်ထန် ကစားပုံကြောင့် ဖြစ်ပါတယ်။ ပြိုင်ဘက် လိတ်ကာစ်အသင်းရဲ့ ကစားသမားနှစ်ဦးကို စွမ်းဆောင်ရည်ပိုင်းမှာ ဘယ်လိုမှ ယှဉ်ဖို့ မဖြစ်နိုင်ပေမယ့် အရေးကြီးတဲ့ အချိန်မှာ အရေးပါတဲ့ ရမှတ်တွေ အရယူပေးနိုင်တဲ့ ကစားသမားဖြစ်လို့ ပွဲစဉ် ၄အတွက် မဖြစ်မနေစောင့်ကြည့်ရမယ့် ကစားသမားဖြစ်ပါတယ်။

 

၂၀၂၀ အန်ဘီအေ အနောက်ကွန်းဖရင့်ဖိုင်နယ်ပွဲစဉ်များ

ပွဲစဉ် (၁) ဒန်ဗားနူးဂတ်စ် ၁၁၄ – ၁၂၆ အဲလ်အေလိတ်ကာစ်

ပွဲစဉ် (၂) ဒန်ဗားနူးဂတ်စ် ၁၀၃ – ၁၀၅ အဲလ်အေလိတ်ကာစ်

ပွဲစဉ် (၃) အဲလ်အေလိတ်ကာစ် ၁၀၆ – ၁၁၄ ဒန်ဗားနူးဂတ်စ်

လိတ်ကာစ်တို့ပြီးခဲ့တဲ့ ပွဲမှာ ရှုံးထားတယ်ဆိုပေမယ့် နောက်ပိုင်းပွဲချိန်တွေရောက်လေ လက်စွမ်း ပိုကောင်းလာတာကို မြင်တွေ့ရလေဖြစ်နေပါတယ်။ အဲလ်အေလိတ်ကာစ်ကစားသမားတွေ ပွဲဆက်များနေပေမယ့် လက်စွမ်းကျသွားတာ မတွေ့ရပဲ ဒန်ဗားနူးဂတ်စ်ကစားသမားတွေကိုတော့ အားအင်ကုန်ခမ်းနေတဲ့ အရိပ်အရောင်တွေ မြင်နေရပါပြီ။ ဒီပွဲမှာတော့ လိတ်ကာစ်တို့ နူးဂတ်စ်ကို အနိုင်ရပြီး ၃-၁ နဲ့ထပ်ပြီး ဦးဆောင်သွားမှာပါ။

 

ပွဲကြိုခန့်မှန်းမှု

ပွဲစဉ် (၄) အဲလ်အေလိတ်ကာစ် – နိုင်

အဲလ်အေလိတ်ကာစ် ၃-၁ ဒန်ဗားနူးဂတ်စ်

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်