နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘက်စ်တို့ အတွက် နှစ်ပေါင်း ၅၀ ကြာ ဝေးကွာနေတဲ့ ချန်ပီယံဆုဆီ လမ်းပြပေးခဲ့တဲ့ အန်ဘီအေ ကြယ်တစ်ပွင့် (သို့မဟုတ်) ဂီယန်နစ် အန်တတ်တိုကန်ပို

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၁ ခုနှစ် အတွက် အန်ဘီအေ ဘတ်စကတ်ဘောပြိုင်ပွဲကြီးမှာ ဗိုလ်စွဲ သွားခဲ့တဲ့ အသင်း ကတော့ အရှေ့ကွန်းဖရင့် အသင်း တစ်သင်း ဖြစ်တဲ့ မီဝေါ်ကီ ဘက်စ်ပဲ ဖြစ်ပါတယ်။ မီချီဂန် ကန်ကြီးရဲ့ အနောက်တောင် ကမ်းခြေ၊ ဝစ်ကွန်ဆင် ပြည်နယ်၊ မီဝေါ်ကီမြို့ ကိုယ်စားပြု အသင်း အနေနဲ့ ၁၉၆၈ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး အန်ဘီအေ ဘတ်စကတ်ဘော သမိုင်းမှာတော့ ဒီနှစ်မှ ဒုတိယ အကြိမ်မြောက် အမြင့်ဆုံး အောင်မြင်မှု ရရှိခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်မှာ အန်ဘီအေ ချန်ပီယံ တစ်ကြိမ် ဖြစ်ခဲ့ပြီး နောက်ပိုင်း ပြည်နယ် ချန်ပီယံ ၁၆ ကြိမ်၊ ကွန်းဖရင့် ချန်ပီယံ နှစ်ကြိမ် ဖြစ်ခဲ့တာ အမြင့်ဆုံး အောင်မြင်မှုတွေ ဖြစ်ပါတယ်။ ဘက်စ်တို့ အန်ဘီအေ ချန်ပီယံဆု ကိုတော့ နှစ်ပေါင်း ၅၀ အကြာမှ ပထမဦးဆုံး အကြိမ် ပြန်လည် ကိုင်မြှောက်ခွင့်ရခဲ့တာပါ။

ဘက်စ်တို့ အတွက် အဝေးဆုံးမှာ ရှိနေခဲ့တဲ့ အန်ဘီအေ ချန်ပီယံ အိမ်မက်ကို လက်တွေ့ကျကျ အကောင်အထည် ဖော်ပေးနိုင်ခဲ့သူ ကတော့ အသက် ၂၆ အရွယ်သာ ရှိသေးတဲ့ ဂရိသားလေး ဂီယန်နစ် အန်တတ်တိုကန်ပို ဖြစ်ပါတယ်။ ဂရိ ဘတ်စကတ်ဘော ကလပ် ဖီလက်သ်လီတီကို့စ် ကနေ ၂၀၁၃ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့တဲ့ ဂီယန်နစ်ဟာ အနာဂတ်မှာ မိုက်ကယ်ဂျော်ဒန်၊ ကီဗင်ဒူးရန့်၊ လဘရွန်ဂျိမ်းစ်တို့ရဲ့ ခြေရာကို အကောင်းဆုံး နင်းနိုင်မယ့်သူ အဖြစ် အားလုံးက မျှော်လင့်ခဲ့ကြတဲ့ အတိုင်း တကယ်တမ်း မှာလည်း အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေခဲ့တဲ့ ဘက်စ် တို့ကို သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ အတူ အန်ဘီအေ ချန်ပီယံ ဖြစ်စေခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ ဂီယန်နစ်ရဲ့ ၂၀၂၁ ခုနှစ် အန်ဘီအေ ပြိုင်ပွဲ တစ်လျှောက် စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင် တစ်ပွဲကို ပျမ်းမျှ ၃၈ မိနစ် ကစားခဲ့ရာမှာ ရမှတ် ၂၈ မှတ်၊ ရီဘောင်း ၁၁ ကြိမ်၊ ဖန်တီးမှု ၆ ကြိမ်နီးပါး ပြုလုပ်ခဲ့ပါတယ်။ ကစားသမား တစ်ဦး အနေနဲ့ အသင်း အပေါ် သက်ရောက်မှုဟာ ၁၉.၆ အထိ ရှိခဲ့ပြီး နာမည်ကြီး လဘရွန်ဂျိမ်းစ် ထက်တောင် ၀.၅ နှုန်းသာတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ ချန်ပီယံဆု အတွက် အဆုံးအဖြတ် ဖြစ်တဲ့ အန်ဘီအေ ဗိုလ်လုပွဲ ပွဲစဉ် ၆ မှာလည်း ဘက်စ် အတွက် သူတစ်ဦးတည်း ရမှတ် ၅၀၊ ရီဘောင်း ၁၄ ကြိမ် ဖန်တီးမှု ၂ ကြိမ်၊ ပိတ်ဆို့မှု ၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မီဝေါ်ကီဘက်စ် အနေနဲ့ ဖီးနစ် ဆန်းစ်ကို ၁၀၅ မှတ်-၉၈ မှတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ဘက်စ်တို့ ရရှိခဲ့တဲ့ အမှတ် ထက်ဝက်ကို ဂီယန်နစ်က ရယူပေးခဲ့တာ ဖြစ်ပါတယ်။

ဘက်စ်တို့ အတွက် အဝေးဆုံးမှာ ရှိနေခဲ့တဲ့ အန်ဘီအေ ချန်ပီယံ အိမ်မက်ကို လက်တွေ့ကျကျ အကောင်အထည် ဖော်ပေးနိုင်ခဲ့သူ ကတော့ အသက် ၂၆ အရွယ်သာ ရှိသေးတဲ့ ဂရိသားလေး ဂီယန်နစ် အန်တတ်တိုကန်ပို ဖြစ်ပါတယ်။
အန်ဘီအေ ဗိုလ်လုပွဲမှာ တစ်ဦးတည်း ရမှတ် ၅၀ ရယူပေးခဲ့တဲ့ ဂီယန်နစ် အန်တတ်တိုကန်ပို

အန်ဘီအေလို ခက်ခဲ ကြမ်းတမ်းတဲ့ ပြိုင်ပွဲ တစ်ခုမှာ ကစားသက်တမ်း ၇ နှစ်သာ ရှိသေးပြီး လဘရွန်ဂျိမ်းစ်၊ ကီဗင်ဒူးရန့်၊ စတီဖင် ကာရီ၊ ဂျိမ်းဟာဒင်၊ ရက်ဆဲလ် ဝက်စ်ဘရွတ်ခ်၊ လီယိုနတ်ဒ်၊ အန်တွန်နီ ဒေးဗီးစ်၊ ဒါမီယန် လစ်လက်ဒ် တို့နဲ့ အပြိုင် စင်မြင့်ထက် တစ်နေရာမှာ ရပ်တည်နိုင်ဖို့ ဆိုတာ လွယ်ကူတဲ့ အခြေအနေ တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဂီယန်နစ်ရဲ့ ကြိုးစား အားထုတ်မှု ဘယ်လောက် အထိ ရှိတယ်ဆိုတာ ၂၀၂၁ အန်ဘီအေ ချန်ပီယံဆု အပြင်  သူ့ရရှိထားတဲ့ တစ်ဦးချင်း ဆုတံဆိပ်တွေက သက်သေပါပဲ။ ဂီယန်နစ် အန်တတ်တိုကန်ပို ရရှိထားတဲ့ ဆုတံဆိပ်တွေကို ကြည့်မယ် ဆိုရင်တော့…

  • အန်ဘီအေ ချန်ပီယံ – ၁ ကြိမ် (၂၀၂၁)
  • အန်ဘီအေ ဗိုလ်လုပွဲ အကောင်းအဆုံး ကစားသမားဆု – ၁ ကြိမ် (၂၀၂၁)
  • အန်ဘီအေ တန်ဖိုးအရှိဆုံး ကစားသမားဆု – ၂ ကြိမ် (၂၀၁၉၊ ၂၀၂၀)
  • အန်ဘီအေ ကြယ်ပွင့်ကစားသမား – ၅ ကြိမ် (၂၀၁၇၊၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁)
  • အန်ဘီအေ အကောင်းဆုံး ခံစစ်ကစားသမားဆု – (၂၀၂၀)
  • အန်ဘီအေ ကြယ်ပွင့်များ ပြိုင်ပွဲ အကောင်းဆုံး ကစားသမားဆု – ၁ ကြိမ် (၂၀၂၁)
  • အန်ဘီအေ အတိုးတက်ဆုံး ကစားသမားဆု – ၁ ကြိမ် (၂၀၁၇)
  • ယူရိုစကာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု – တစ်ကြိမ် (၂၀၁၈)

တစ်ဖက်က ဖီးနစ် ဆန်းစ် အနေနဲ့လည်း အသင်း သမိုင်းတစ်လျှောက် အန်ဘီအေ ဗိုလ်လုပွဲကြီးကို တတိယ အကြိမ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ဒက်ဗင် ဘွတ်ကာ၊ ခရစ်ပေါလ် တို့ရဲ့ တောက်မှုနဲ့ ဒီအဆင့်ထိ ရောက်ရှိလာခဲ့နိုင်တာလို့ပဲ ဆိုရမှာပါ။ အန်ဘီအေ ဗိုလ်လုပွဲ ပွဲစဉ် ၁နဲ့ ၂ မှာ အနိုင်ရခဲ့တဲ့ ဖီးနစ် ဆန်းစ် တို့ရဲ့ လက်စွမ်းကို ချန်ပီယံဆု မရရှိ ခဲ့ပေမယ့်လည်း မဖြစ်မနေတော့ ချီးကျုးရမှာ ဖြစ်ပြီး ၂၄ နှစ် အရွယ်သာ ရှိသေးတဲ့ ဒက်ဗင် ဘွတ်ကာ ဟာလည်း အခုနှစ် အန်ဘီအေ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ အန်ဘီအေ ဗိုလ်လုပွဲ ကနေ အမေရိကန် အသင်းနဲ့ အတူ တိုကျိူ အိုလံပစ်ကို လိုက်ပါရမယ့် ကစားသမား ၃ ဦး ရှိခဲ့ပြီး ဂျရူး ဟောလီဒေး၊ မစ်ဒယ်လ်တန်နဲ့ ဒက်ဗင် ဘွတ်ကာ ပြိုင်ပွဲ ပြီးပြီးချင်း နာရီပိုင်း အတွင်းမှာပဲ နိုင်ငံအသင်းနဲ့ သွားရောက် ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်