နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၁၇ ကြိမ်မြောက် အန်ဘီအေချန်ပီယံရှစ်ဆုနဲ့ လက်တကမ်းအကွာကို ရောက်လာတဲ့ အဲလ်အေလိတ်ကာစ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၀ အန်ဘီအေ ဗိုလ်လုပွဲ

 

ပွဲစဉ် (၄) အဲလ်အေလိတ်ကာစ် ၁၀၂ – ၉၆ မီယာမီဟိထ် 

အန်ဘီအေ ဗိုလ်လုပွဲ ပွဲစဉ်(၄)အဖြစ် အဲလ်အေလိတ်ကာစ်နဲ့ မီယာမီဟိထ်တို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရာမှာတော့ လိတ်ကာစ်တို့က ၁၀၂-၉၆ နဲ့ အနိုင်ရပြီး ၃ပွဲ ၁ပွဲနဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

လီဘရွန်ဂျိမ်းစ်နဲ့ အန်တိုနီဒေးဗစ်တို့ အနေနဲ့ ပြီးခဲ့တဲ့ အန်ဘီအေ ဗိုလ်လုပွဲ ပွဲစဉ် (၃)က အမှားတွေကို ပြင်ဆင်ပြီး အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့လို့ လိတ်ကာစ်တို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ လီဘရွန်ဂျိမ်းစ် အနေနဲ့ ၂၈ မှတ်၊ ရီဘောင်း ၁၂ ကြိမ်၊   ဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အန်တိုနီဒေးဗစ်ကတော့ ၂၂မှတ်၊ ရီဘောင်း ၉ကြိမ်၊ ဖန်တီးမှု ၄ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ လိတ်ကာစ်တို့အနေနဲ့ ဒီပွဲမှာ တိုက်စစ်ထက် ခံစစ်ပိုင်းကို ပိုပြီးကျစ်ကျစ် လျစ်လျစ် ကစားနိုင်ခဲ့ပြီး အန်တိုနီဒေးဗစ်ရဲ့ အရေးပါတဲ့ ပိတ်ဆို့ကာကွယ်မှု ၄ကြိမ်ကြောင့်လည်း လိတ်ကာစ်တို့ အနိုင်ရ ခဲ့တယ်ဆိုတာ မမှားပါဘူး။ အန်တိုနီဒေးဗစ် မပါတဲ့ အချိန် ၆ မိနစ်လောက်မှာတင် ၁၁မှတ်လောက် ပြန်ပေးခဲ့ရပြီး အေဒီ ဝင်လာတဲ့ အချိန် ၄၂မိနစ်အတွင်းမှာ တစ်ဖက်အသင်း ဆီကနေ ၁၇မှတ်လောက် ပြန်ယူနိုင်ခဲ့တာ တွေ့ရပါတယ်။ လီဘရွန်ဂျိမ်းစ်ကတော့ အစောပိုင်းပွဲချိန်တွေ မှာ အမှား များခဲ့ တယ် ဆိုပေမယ့် ဒုတိယပိုင်းလောက်က စပြီးတော့ ရမှတ်တွေ တောက်လျှောက် ပြန်ယူပေး နိုင်ခဲ့တဲ့အပြင် ကျန် ကစားသမားတွေ ဖြစ်တဲ့ ကလ်ဒ်ဝဲလ် ပုပ်၊ ဒန်နီဂရင်း၊ ကာရူဆိုတို့ရဲ့ သေချာတဲ့ သွင်းယူမှုတွေကြောင့် လိတ်ကာစ်တို့ ပွဲစဉ် ၄ မှာ တကျော့ပြန် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အန်ဘီအေ အတွေ့အကြုံနဲ့ တစ်ဦးချင်း စွမ်းဆောင် ရည်ပိုင်းမှာ ပိုသာတဲ့ လိတ်ကာစ်တို့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အန်ဘီအေချန်ပီယံရှစ် ၃ ကြိမ်ရရှိထားတဲ့ မီယာမီဟိထ်

မီယာမီဟိထ်မှာတော့ ထုံးစံအတိုင်း ဂျင်မီဘတ်တလာရဲ့ တောက်ပမှုတွေကို တွေ့ခဲ့ရပြီး ၂၂မှတ်၊ ရီဘောင်း ၁၀ ကြိမ်၊ ဖန်တီးမှု ၉ ကြိမ်၊ လုယူနိုင်မှု ၃ ကြိမ်နဲ့  ပိတ်ဆို့ကာကွယ်မှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ မီယာမီဟိထ်တို့ အဲလ်အေလိတ်ကာစ်လို အသင်းမျိုးကို နောက်ဆုံးမိနစ်အထိ အကောင်းဆုံး ရင်ဆိုင်သွားနိုင်တာဟာ လေးစားစရာ ကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခုလို့ ပြောလို့ရပြီး ဂျင်မီဘတ်တလာ၊ ဘမ်အဒီဘာယို၊ တိုင်လာဟီးရိုတို့ ၃ဦးစလုံး အကောင်းဆုံး လက်စွမ်းပြသွား နိုင်ပေမယ့်  အန်ဘီအေ အတွေ့အကြုံနဲ့ တစ်ဦးချင်း စွမ်းဆောင် ရည်ပိုင်းမှာ ပိုသာတဲ့ လိတ်ကာစ်တို့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲစဉ် ၃ မှာ ဂျင်မီဘတ်တလာ တစ်ဦးတည်း အသင်းကို ဦးဆောင် ခဲ့ရတယ် ဆိုပေမယ့် ပွဲစဉ် ၄ မှာတော့ အသက် ၂၀ အရွယ်လူငယ်ကစားသမားလေး တိုင်လာဟီးရိုးရဲ့ လက်စွမ်းပြမှု တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သူ့ အတွက် ပထမဦးဆုံးအကြိမ် အန်ဘီအေ ဗိုလ်လုပွဲ ဖြစ်ပေမယ့် ဖိအားကင်းကင်းနဲ့ ကစားနေတဲ့ တိုင်လာဟီးရိုးဟာ အခုပွဲမှာတော့ ဟိထ်အတွက် ရမှတ် ၂၁ မှတ်၊ ရီဘောင်း ၇ ကြိမ်နဲ့ ဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ အသက် ၂၀ အရွယ်ကစားသမား တစ်ဦးအတွက် အန်ဘီအေ ဗိုလ်လုပွဲမှာ တော်တော်လေးကောင်းတဲ့ စွမ်းဆောင်ရည် တစ်ခုလို့ပြောလို့ရပြီး သူ့အနေနဲ့ စီနီယာကစားသမားတွေ နဲ့ အပြိုင် လက်စွမ်းပြနိုင်ခဲ့တာ ဖြစ်သလို အဝေးပစ်ချက် တော်တော်များများကနေ ဟိထ်အတွက် ရမှတ်တွေ ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိ လက်စွမ်းပိုင်းအရ ဆိုရင်တော့ ဟိထ်တို့ လိတ်ကာစ်တို့ကို ယှဉ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ လိတ်ကာစ်တို့ လာမယ့် ပွဲစဉ်မှာလည်း ဟိထ်ကို အပြတ်အသတ် အနိုင်ယူပြီး ၁၇ ကြိမ်မြောက် အန်ဘီအေ ချန်ပီယံရှစ် ဆုဖလားကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းလာဦးမှာပါ။
 

၂၀၂၀ အန်ဘီအေ ဗိုလ်လုပွဲ ရလဒ်များ

ပွဲစဉ် (၁) မီယာမီဟိထ် ၉၈ – ၁၁၆ အဲလ်အေလိတ်ကာစ်

ပွဲစဉ် (၂) မီယာမီဟိထ် ၁၁၄ – ၁၂၄ အဲလ်အေလိတ်ကာစ်

ပွဲစဉ် (၃) အဲလ်အေလိတ်ကာစ် ၁၀၄ – ၁၁၅ မီယာမီဟိထ်

ပွဲစဉ် (၄) အဲလ်အေလိတ်ကာစ် ၁၀၂ – ၉၆ မီယာမီဟိထ်
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်