နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးသုံးသပ်ချက် | နော်ဝေ ၀-၂ ဆားဘီးယား (နေးရှင်းလိဂ်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

နော်ဝေ ၀-၂ ဆားဘီးယား

မနေ့ညက ကစားခဲ့တဲ့ နေးရှင်းလိဂ် (B) အုပ်စု (၄) ရဲ့ နောက်ဆုံး ပွဲစဉ်မှာတော့ ဆာဘီးယားတို့ နော်ဝေကို အဝေးကွင်းမှာ ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ယူပြီး တန်းတက်သွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

အိမ်ရှင် နော်ဝေ ကတော့ ဂိုးမှာ နီလန်းကိုပဲ ဆက်သုံးခဲ့ပြီး ခံစစ်မှာ အိုလ်ဆန်၊ အော်စတီဂတ်ဒ်၊ မဲလင်းနဲ့ ရိုင်ယာဆန် ကွင်းလယ်မှာ ဘာဂါ၊ အော်စ်နက်စ်၊ အိုဒီဂတ်ဒ် တိုက်စစ် မှာတော့ ဆောလော့သ်၊ အယ်လ်ယွန်နူဆီနဲ့ အာလင်း ဟားလန်းတို့ကို ပွဲထွက်စေခဲ့ပါတယ်။ ဧည့်သည် ဆားဘီးယား ကတော့ ဂိုးသမား အဖြစ် မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်၊ ခံစစ်မှာ ဗယ်လီကိုဗစ်ချ်၊ စတီဖန် မီထရိုဗစ်ချ်နဲ့ ပါဗလိုဗစ်ချ် ကွင်းလယ်မှာ ဇိဗ်ကိုဗစ်ချ်၊ လူကစ်ချ်၊ အီလစ်ချ်နဲ့ ကော့စ်တစ်၊ တိုက်စစ်မှာတော့ တာဒစ်ချ်၊ ဗလာဟိုဗစ်နဲ့ အလက်ဇန္တား မီထရိုဗစ်ချ် တို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ဒီပွဲမတိုင်ခင် နှစ်သင်းစလုံး ရမှတ် ၁၀ မှတ်စီ တူညီနေကြလို့ အနိုင် ၃ မှတ် အပြည့်ရဖို့က အရေးကြီးခဲ့ပါတယ်။ ဆားဘီးယား ကတော့ ဂိုးကွာခြားချက် အသာရထားလို့ ယုံကြည်မှု အပြည့်နဲ့ ကစားနိုင်ခဲ့ကြပြီး နော်ဝေ ကတော့ ပထမ အကျော့ ရှုံးကြွေးကို ပြန်ဆပ်ဖို့ အတတ်နိုင်ဆုံး အားစိုက်သွားခဲ့ပါတယ်။ ပထမပိုင်းမှာ ပွဲက ထင်သလောက် ကြည့်မကောင်းခဲ့ပဲ ဘောလုံးက ကွင်းလယ်မှာပဲ အပျက်များနေခဲ့လို့ စိတ်ဝင်စားစရာလည်း မကောင်းခဲ့ပါဘူး။ ပွဲချိန် ၄၂ မိနစ်မှာတော့ ဧည့်သည် ဆားဘီးယားတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ တာဒစ်ချ်ရဲ့ အကွက်မြင်မြင် ဖန်တီးမှုကို ဧရိယာထဲ ဆွဲဝင်သွားခဲ့တဲ့ တောင်ပံသမား ကော့စ်တစ်ချ်က အနိမ့်ဘော ပြန်ချိုးပေးရာ ကနေ ဗလာဟိုဗစ်ချ်က ပြေးဝင် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ 

နော်ဝေ ကတော့ ပြိုင်ပွဲ တစ်လျှောက် ဟာလန်းရဲ့ ခြေစွမ်းပြမှုနဲ့ တန်းတက်ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံး ပွဲ အရှုံးကြောင့် အုပ်စု အဆင့်နဲ့သာ ကျေနပ်ခဲ့ရပြီး လာမယ့်နှစ် နေးရှင်းလိဂ် (B) မှာပဲ ဆက်ကစားရတော့မှာ ဖြစ်ပါတယ်။
ဆားဘီးယားကို နေးရှင်းလိဂ် နှစ်ကျော့စလုံး ရှုံးတဲ့ နော်ဝေ

ဒုတိယပိုင်း မှာလည်း နော်ဝေရဲ့ တိုက်စစ်ဆင်မှုတွေကို ဆားဘီးယား ခံစစ်မှူးတွေ အမှားအယွင်း မရှိ ပိတ်ဆို့ ဖြတ်တောက် နိုင်ခဲ့ကြလို့ အိမ်ရှင်တို့ အခက်တွေ့ခဲ့ရပါတယ်။ ပွဲကစားချိန် ၅၄ မိနစ် မှာတော့ ဆားဘီးယား တို့ပဲ ဒုတိယဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုး ကိုတော့ အီလစ်ချ်ရဲ့ ဖန်တီးပေးမှု ကနေ မီထရိုဗစ်က ဂိုးသမားရဲ့ အနီးတိုင်ဘက်ကို ကန်သွင်းသွားခဲ့ကြတာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာလည်း နော်ဝေတို့ ချေပဂိုး ရဖို့ မပြောနဲ့ ခံစစ်ကိုသာ လုံအောင် ပိတ်နေရလို့ အာလင်း ဟာလန်းနဲ့ အိုဒီဂတ်ဒ် တို့လို ကစားသမားတွေ ဘာမှမလုပ်နိုင်ပဲ ၀-၂ ရလဒ်နဲ့ပဲ အရှုံးပေးခဲ့ရပါတယ်။ ဒါကြောင့် ဆာဘီးယားတို့ အုပ်စု ပွဲစဉ် ၆ ပွဲ ကစားပြီးချိန်မှာ ၁၃ မှတ် အထိ ရရှိခဲ့ပြီး အုပ်စု ဗိုလ် အဖြစ်နဲ့ နေးရှင်းလိဂ် (A)ကို တန်းတက်သွားခဲ့ပါတယ်။ နော်ဝေ ကတော့ ပြိုင်ပွဲ တစ်လျှောက် ဟာလန်းရဲ့ ခြေစွမ်းပြမှုနဲ့ တန်းတက်ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံး ပွဲ အရှုံးကြောင့် အုပ်စု အဆင့်နဲ့သာ ကျေနပ်ခဲ့ရပြီး လာမယ့်နှစ် နေးရှင်းလိဂ် (B) မှာပဲ ဆက်ကစားရတော့မှာ ဖြစ်ပါတယ်။ 


ပွဲပြီးသုံးသပ်ချက်

ဘန်ဒက် လီဂါ
ဘိုင်ယန်မြူးနစ်
လေဗာကူဆင်
1X2 သရေ (Draw) @ 5.60
ဂိုးပေါ် 3.75 @ 1.88
ဂိုးပေါင်း 0-1 @ 8.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နော်ဝေရဲ့ အရှုံးဟာ နည်းပြ ဆိုလ်ဘက်ကန်ရဲ့ ဗျူဟာပိုင်း‌ ရွေးချယ်မှု မှားယွင်းတာကြောင့် ဖြစ်ပါတယ်။ အိုဒီဂတ်ဒ်လို ဖန်တီးမှု အားကောင်းပြီး ဟာလန်းလို အဆုံးသတ် ပိုင်နိုင်လွန်းတဲ့ တိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားရက်နဲ့ အိမ်ကွင်းမှာ ရှုံးခဲ့တာ ကတော့ တကယ့်ကို စိတ်ပျက်စရာပါ။ ဂိုးတွေ လိုအပ်နေချိန်မှာ တိုက်စစ်မြှင့် ကစားဖို့ထက် ခံစစ် ပိတ်ကစားနေရတာကိုက ဒီနည်းပြရဲ့ အရည်အသွေး ဘယ်လောက် ရှိတယ်ဆိုတာ ထင်သာ မြင်သာစေခဲ့ပါတယ်။ ဆားဘီးယားမှာ လူကောင်းတွေ ပါတာ မှန်ပေမယ့် ကစားပုံ ရှယ်ကောင်းနေတာတော့ မဟုတ်ပါဘူး။ အားနည်းချက် တချို့ ရှိနေဆဲ ဖြစ်ပေမယ့် နော်ဝေတို့ အသုံးမချနိုင်ခဲ့လို့သာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မီထရိုဗစ်၊ ဗလာဟိုဗစ် တို့ရဲ့ Goal Luck ရှိမှု တပေါက် ကတော့ လာမယ့် ကမ္ဘာ့ဖလားမှာ ဆားဘီးယားကို ဖြတ်မြင်းအသင်း အဖြစ် မြင်တွေ့ရမလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေစေပါတယ်။


လာမယ့်ပွဲစဉ်များ 

နော်ဝေ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်ထားလို့ ဘာပွဲမှ ကန်ဖို့ မရှိသေးပေမယ့် ဆားဘီးယား ကတော့ လာမယ့် နိုဝင်ဘာ ၁၈ မှာ ဘာရိန်းနဲ့ ခြေစမ်းဖို့ ရှိပြီး ၂၅ ရက်နေ့မှာတော့ ဘရာဇီးလ်နဲ့ ကမ္ဘာ့ဖလား ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်