နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးသုံးသပ်ချက် | ဟန်ဂေရီ ၀-၂ အီတလီ (နေးရှင်းလိဂ်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဟန်ဂေရီ ၀-၂ အီတလီ

နေးရှင်းလိဂ် (A) အုပ်စု (၃) ရဲ့ နောက်ဆုံး ပွဲစဉ် တစ်ပွဲ မှာတော့ အီတလီတို့ ဟန်ဂေရီကို အဝေးကွင်းမှာ ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

အီတလီတို့ ဒီနေ့ပွဲမှာ ဂိုးသမား ဒွန်နာရမ်းမား၊ ခံစစ်မှာ ဘိုနူချီ၊ တိုလွိုင်း၊ အကာဘီ၊ ကွင်းလယ် ဘာရယ်လာ၊ ဂျော်ဂျင်ဟို၊ ခရစ္စတန်တီ၊ တောင်ပံ နှစ်ဖက်မှာ ဒီမာကိုနဲ့ ဒီလော်ရင်ဇို တို့ကို အသုံးပြုခဲ့ပြီး တိုက်စစ် မှာတော့ ရက်စ်ပါဒိုရီနဲ့ ဂနွန်တို တို့ကို ပွဲထုတ်ခဲ့ပါတယ်။ အိမ်ရှင် ဟန်ဂေရီ ကတော့ ဂိုးမှာ ဂူလက်ရှီ၊ ခံစစ်မှာ အော်ဘန်၊ အက်တီလာ ဆာလာအီ၊ အဒမ် လန်းဂ် ကွင်းလယ်မှာ နာဂီ၊ ရှေဖာ၊ ကာကက်ဇ်နဲ့ ဖီအိုလာနဲ့ တိုက်စစ် မှာတော့ ဆာဘို့ဇ်လိုင်း၊ နီဂိုနဲ့ အဒမ် ဆာလာအီ တို့ကို အသုံးပြုခဲ့ပါတယ်။

အုပ်စုတွင်းမှာ ခြေစွာနေတဲ့ ဟန်ဂေရီတို့ ဒီနေ့ပွဲမှာ ခံစစ် အသားပေး ကစားလာခဲ့ပြီး အီတလီ ကတော့ ပထမအကျော့က ရလဒ်ကောင်းခဲ့လို့ ယုံကြည်ချက် ရှိရှိနဲ့ပဲ တိုက်စစ်ဖွင့် ကစားလာခဲ့ပါတယ်။ အီတလီရဲ့ ခြေစွမ်း ထင်သလောက် မကောင်းခဲ့ပေမယ့် ဟန်ဂေရီရဲ့ ဟန်ချက် ပျက်နေမှုကိုတော့ အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ အီတလီတို့ အဖွင့်ဂိုး ရသွားခဲ့ပြီး ဟန်ဂေရီ ခံစစ်ရဲ့ နှစ်ကြိမ် ဆက်တိုက် လူပေးမှားခဲ့ရာ ကနေ အစပြုခဲ့တယ်လို့ပဲ ဆိုရပါမယ်။ ဂနွန်တို ဘောလုံး ရယူဖို့ ကြိုးစားရာမှာ ဂိုးသမား ဂူလက်ရှီနဲ့ လုံးထွေးပြီး ပြန်ထွက်လာတာကို တိုက်စစ် အသင့် လိုက်ပါလာတဲ့ ရက်စ်ပါဒိုရီက တစ်ချက်ခေါက်ပြီး အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဗျူဟာပိုင်း မှားယွင်းခဲ့လို့ ဟန်ချက်ပျက်နေတဲ့ ဟန်ဂေရီကို အီတလီတို့ မကြာခဏ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် သွင်းဂိုး အဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိပဲ ၀-၁ ရလဒ်နဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဟန်ဂေရီ ကတော့ တောက်လျောက် ခြေစွာလာပြီး အသင်းကြီးတွေကို အနိုင်ရခဲ့သမျှ ခွာလိပ်ခဲ့ပြီး အီတလီနဲ့ ၁ မှတ် အကွာ အဆင့် ၂ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
နေးရှင်းလိဂ် (A) အုပ်စု (၃)ရဲ့ အုပ်စု ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရတဲ့ ဟန်ဂေရီ

ဒုတိယပိုင်း မှာတော့ ဟန်ဂေရီတို့ လူစားအပြောင်းအလဲ လုပ်ခဲ့သလို အီတလီ ကလည်း အကာဘီ ကိုထုတ်ပြီး လူငယ် နောက်ခံလူ ဘက်စတိုနီကို ထည့်သွင်း ကစားစေခဲ့ပါတယ်။ ဟန်ဂေရီတို့ ထိထိရောက်ရောက် တိုက်စစ်ဆင်လာနိုင်ခဲ့ပြီး နီဂို၊ ဆာဘို့ဇ်လိုင်း၊ စတိုင်လ်စ်နဲ့ ဆာလာအီတို့ရဲ့ ၄ ကန်ချက် ၄ ကြိမ်ကို အီတလီ ခံစစ်နဲ့ ဂိုးသမား ဒွန်နာရမ်းမားတို့ ကာကွယ်နိုင်ခဲ့လို့ သက်သာရာ ရခဲ့ပါတယ်။ ပွဲချိန် ၅၂ မိနစ် မှာတော့ တန်ပြန် တိုက်စစ် တွဲလုံးကနေ ခရစ္စတန်တီ ဂိုးရှေ့ ချိုးပေးလိုက်တာကို တောင်ပံက ဒီမာကိုက အမှားအယွင်းမရှိ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဟန်ဂေရီတို့ လူစား အပြောင်းအလဲတွေ ထပ်လုပ်ပြီး လိုအပ်နေတဲ့ ဂိုးတွေ ရှာဖွေခဲ့ကြပေမယ့် အီတလီ နောက်တန်းကို မကျော်နိုင်ခဲ့လို့ ဧည့်သည် အသင်းကို ၀-၂ ရလဒ်နဲ့ပဲ အရှုံးပေးခဲ့ရပါတယ်။

ပွဲအပြီးမှာ အီတလီတို့ နောက်ဆုံး ၂ ပွဲဆက်တိုက် အနိုင်ရရှိမှုနဲ့ အတူ ရမှတ် ၁၁ မှတ် အထိ ရရှိခဲ့ပြီး နေးရှင်းလိဂ် (A) အုပ်စု(၃)ရဲ့ ထိပ်ဆုံး နေရာ ကနေ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ ဟန်ဂေရီ ကတော့ တောက်လျောက် ခြေစွာလာပြီး အသင်းကြီးတွေကို အနိုင်ရခဲ့သမျှ ခွာလိပ်ခဲ့ပြီး အီတလီနဲ့ ၁ မှတ် အကွာ အဆင့် ၂ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

စီးရီးအေ
နာပိုလီ
တိုရီနို
1X2 နာပိုလီ @ 1.58
ဂိုးပေါ် 2.50 @ 1.82
ဂိုးပေါင်း 4-6 @ 3.30
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်ထားတဲ့ အီတလီ အတွက် နေးရှင်းလိဂ် တစ်ခုပဲ အာရုံစိုက်စရာ ရှိလို့ ရော်ဘတ်တို မန်ချီနီတို့ အုပ်စု အလုပ်ကောင်းကောင်း လုပ်သွားတယ်လို့ပဲ ဆိုရမှာပါ။ ခြေစွမ်းပိုင်း အားရစရာ မရှိသေးပဲ အသင်းလိုက် စုစည်းမှုလည်း အားနည်းနေပါသေးတယ်။ သက်ကြီး ကစားသမားနဲ့ သက်ငယ် ကစားသမားတွေ အကြား အခုထက် ပိုပြီး ယုံကြည်မှု တည်ဆောက်နိုင်ဖို့ လိုအပ်နေပါသေးတယ်။ ဟန်ဂေရီ တို့ ဒီနေ့ပွဲ ရှုံးနိမ့်ခဲ့ခြင်းရဲ့ အဓိက တရားခံက နည်းပြ မာကို ရော့ဆီ ကြောင့် ဖြစ်ပါတယ်။ အရင်ပွဲတွေလို မဟုတ်ပဲ တွန့်ဆုတ်တွန့်ဆုတ် ကစားနေခြင်းက အီတလီကို အခွင့်အရေး ပေးသလို ဖြစ်ခဲ့တာပါ။ နောက်တစ်ချက်က ဟန်ဂေရီ နောက်ခံလူတွေ သိသိသာသာသာ အမှားများခဲ့ကြတာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိလို့ နိုင်ငံတကာ ခြေစွမ်းပွဲတွေပဲ ကစားဖို့ ရှိပြီး ဟန်ဂေရီက လင်ဇင်ဘာ့ဂ်၊ အီတလီ ကတော့ အဲလ်ဘေးနီးယားနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်