နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးသုံးသပ်ချက် | အင်္ဂလန် ၃-၃ ဂျာမနီ (နေးရှင်းလိဂ်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အင်္ဂလန် ၃-၃ ဂျာမနီ

နေးရှင်းလိဂ် (A) အုပ်စု (၃) ရဲ့ နောက်ဆုံး ပွဲစဉ် အဖြစ် အင်္ဂလန်နဲ့ ဂျာမနီတို့ ဝင်ဘလေမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ ၃-၃ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ အင်္ဂလန် အသင်းက နစ်ခ် ပုပ်၊ မက်ဂွိုင်းယား၊ ဒိုင်ယာ၊ စတုန်းစ်၊ ရိစ် ဂျိမ်းစ်၊ လုခ် ရှော၊ ဒီကလန် ရိုက်စ်၊ ဘယ်လင်ဂမ်၊ ဟယ်ရီကိန်း၊ စတာလင်၊ ဖိုဒန် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်း ကတော့ ဂိုးမှာ တာစတီဂန်၊ ခံစစ်မှာ ဇူလာ၊ ရှလော့တ်တာဘက်ခ်၊ ရမ်းနဲ့ ခါရာ တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်နဲ့ တိုက်စစ် မှာတော့ ဂွန်ဒိုအန်၊ ကင်မစ်ချ်၊ ဟော့ဖ်မန်း၊ မူဆီအာလာ၊ ဆာနေးနဲ့ ဟာဗတ်ဇ် တို့ကို ပွဲထုတ်လာခဲ့ပါဝယ်။

ထုံစံ အတိုင်း ဂျာမန်တို့ ပြိုင်ဘက်ကို ပွဲစကတည်းက ဖိအားပေးဖို့ ကြိုးစားခဲ့ပြီး တကယ်တမ်းလည်း ဂေါင်းကြီး ပါနေတဲ့ အင်္ဂလန်ရဲ့ ခံစစ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဂျာမနီတို့ အတွဲအဖက် မိမိနဲ့ လျော့ရဲနေတဲ့ အင်္ဂလန်ရဲ့ ခံစစ်ကို လုပ်ချင်တိုင်းလုပ်နေပေမယ့် ထိပ်တန်း ခြေစွမ်းမရှိတဲ့ တချို့သော ကစားသမားတွေကြောင့် မျှော်လင့်ထားသလောက်တော့ မကစားနိုင်ခဲ့ပါဘူး။ အင်္ဂလန် ဘက်ကလည်း တစ်ချက်ချက်မှာ ဂျာမနီ ဂိုးပေါက်ကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် စတာလင်ရဲ့ ပျော့ဖတ်နေတဲ့ ကန်ချက်တွေကြောင့် တာစတီဂန် တစ်ယောက် ရင်မခုန်ခဲ့ရပါဘူး။ အတူတူနဲ့ အနူနူ ဖြစ်နေတဲ့ နှစ်သင်းကို ထိုင်ကြည့်ခဲ့ရပြီး ၀-၀ ရလဒ်နဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့ရပါတယ်။

တစ်ဖက်က ဂျာမနီ ကတော့ ရမှတ် ၇ မှတ်နဲ့ အဆင့် ၃ နေရာမှာ တင်ကျန်ခဲ့ပြီး လာမယ့်နှစ် နေးရှင်းလိဂ် (A) မှာ ဆက်လက် ကစားခွင့်ရသွားခဲ့ပါတယ်။
နေးရှင်းလိဂ် (A) အုပ်စု (၃) မှာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၃ နေရာသာ ရခဲ့တဲ့ ဂျာမနီ

ဒုတိယပိုင်းမှာတော့ ဟန်ဆီ ဖလစ်ခ်က လူစားအပြောင်းအလဲတွေ စတင် ပြုလုပ်လာခဲ့ပြီး ဟော့ဖန်မန်း အစား တီမို ဗာနာ ဝင်ရောက်လာချိန်မှာတော့ ဂျာဂန် Press ပိုမို အသက်ဝင်လာခဲ့သလို ကစားအားလည်း တက်လာခဲ့ပါတယ်။ အင်္ဂလန် ကိုတော့ စတာလင် အပါအဝင် တခြား တိုက်စစ်မှူးတွေရဲ့ စုတ်ပြတ်နေတဲ့ ခြေစွမ်းနဲ့ပဲ မြင်တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ ဂျာမနီတို့ အဖွင့်ဂိုး ရသွားခဲ့ပါတယ်။ လူပေးမှားရာ ကနေ ဖြတ်ယူပြီး ဧရိယာထဲကို ဆွဲဝင်ခဲ့တဲ့ မူစီအာလာကို မက်ဂွိုင်းယား ကပဲ နောက်ထပ် တစ်ကြိမ် ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခဲ့လို့ VAR ပြန်ကြည့်ပြီး အင်္ဂလန်တို့ ပင်နယ်တီ ပေးခဲ့ရတာ ဖြစ်ပါတယ်။ ပင်နယ်တီ ကိုတော့ ဂွန်ဒိုအန်က အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ ဂျာမနီတို့ စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲ့နောက် နည်းပြ ဆောက်ဂိတ်က စတာလင်နဲ့ ဖိုဒန် အစား မေဆန်မောင့်နဲ့ ဆာကာ တို့ကို ထည့်သွင်းခဲ့ချိန် မှာတော့ အင်္ဂလန်တို့ အနည်းငယ် ပုံစံ ပြန်မှန်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျာမနီ တို့ပဲ ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပြီး ဒီတစ်ကြိမ်လည်း ဂေါင်းကြီးရဲ့ အမှားကြောင့်ပဲ အင်္ဂလန်တို့ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဘယ်ခြမ်းကနေ တီမို ဗာနာ ချိုးပေးတဲ့ ဘောလုံးကို ညာခြမ်းက ရသွားတဲ့ ဟာဗတ်ဇ်က အဝေးတိုင် ဘက်ကို ဝေ့ဝိုက်ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲက မပြီးသေးပဲ ပွဲချိန် ၇၂ မိနစ်နဲ့ ၇၅ မိနစ် တို့မှာ အင်္ဂလန်တို့ ချေပဂိုး ၂ ဂိုး ပြန်ရခဲ့ပြီး ရှောနဲ့ မေဆန်မောင့် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲချိန် ၈၃ မိနစ် မှာလည်း ပင်နယ်တီ ကတစ်ဆင့် ဟယ်ရီကိန်းက တတိယဂိုး သွင်းယူပေးခဲ့လို့ အင်္ဂလန်တို့ ၃-၂ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်တို့ရဲ့ အပျော်တွေ ၄ မိနစ် မပြည့်ခင်မှာပဲ ကိုင်ဟာဗက်ဇ်က ချေပဂိုး သွင်းယူသွားခဲ့လို့ ၃-၃ ရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ အင်္ဂလန်တို့ ၁၉၉၃ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ၆ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂလန်တို့ နေးရှင်းလိဂ် ၆ ပွဲ ကစားရာမှာ နိုင်ပွဲ တစ်ပွဲ ၁ ပွဲတောင် မရခဲ့တဲ့ အင်္ဂလန်တို့ နေးရှင်းလိဂ် (B)ကို ထိုက်ထိုက်တန်တန်ပဲ ဆင်းခဲ့ရပါတယ်။ တစ်ဖက်က ဂျာမနီ ကတော့ ရမှတ် ၇ မှတ်နဲ့ အဆင့် ၃ နေရာမှာ တင်ကျန်ခဲ့ပြီး လာမယ့်နှစ် နေးရှင်းလိဂ် (A) မှာ ဆက်လက် ကစားခွင့်ရသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပရီးမီးယား လိဂ်
အာဆင်နယ်
တော့တင်ဟမ် ဟော့စပါး
1X2 တော့တင်ဟမ် ဟော့စပါး @ 3.30
ဂိုးပေါ် 3.00 @ 2.17
ဂိုးပေါင်း 0-1 @ 4.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကမ္ဘာ့ဖလား နီးလေ အသင်းကြီးတွေရဲ့ ခြေစွမ်းက ချာလေ လို့ပဲ ဆိုရပါမယ်။ ဆောက်ဂိတ်ရဲ့ လူထုတ်ပုံ မှားခဲ့ပြီး ဂျာမနီ ကလည်း အတွေ့အကြုံ မရှိသေးသလို စွမ်းဆောင်ရည် တစ်ဆင့်နိမ့်တဲ့ ကစားသမားတွေကြောင့် ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာလည်း ကလပ်အသင်းမှာ အရန်ခုံ ရောက်နေတဲ့ ဂေါင်းကြီး မက်ဂွိုင်းယား တစ်ယောက် သူ့ရဲ့ အရင် ပုံစံ အတိုင်း ပြန်လာနိုင်ခဲ့ပြီး တောက်လျောက် တလွဲတွေ လုပ်ပြသွားခဲ့ပါတယ်။ ဂျာမနီတို့ ရတဲ့ သွင်းဂိုး ၃ ဂိုးမှာ ၂ ဂိုးက ဂေါင်းကြီး ကျေးဇူးကြောင့် ဆိုရင်လည်း မမှားပါဘူး။ နောက်တစ်ယောက်က နစ်ခ်ပုပ် ဖြစ်ပါတယ်။ ပင်နယ်တီ ကာကွယ်တဲ့ အချိန်မှာ တည်ငြိမ်ခြင်း မရှိခဲ့သလို ကိုင်ဟာဗက်ဇ်ရဲ့ နောက်ဆုံး ဂိုးကလည်း သူ့ရဲ့ အမှားကြောင့် ပေးခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန်ကိုပဲ ဖိပြောနေလို့ ဂျာမနီက ကောင်းနေလား ဆိုတော့ မကောင်းပါဘူး။ နှစ်သင်းလုံးရဲ့ လက်ရှိ ခြေစွမ်း ကတော့ လာမယ့် ကာတာ ကမ္ဘာ့ဖလားမှာ အုပ်စု ကျွတ်ပါ့မလား ဆိုပြီး အတွေးတောင် ဝင်သွားစေပါတယ်။

လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် နိုဝင်ဘာလမှာ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်တွေ ကစားဖို့ ရှိပြီး အင်္ဂလန်က အီရန်၊ ဂျာမနီက ဂျပန်နဲ့ စတင် ကစားရမှာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် ဂျာမနီ ကတော့ အိုမန်နဲ့ နိုင်ငံတကာ ခြေစွမ်းပွဲ ကစားဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်