နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီမကုန်ခင်မှာပဲ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တဲ့ အင်တာမီလန်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အေစီမီလန် ၁-၂ အင်တာမီလန်

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ အေစီမီလန်နဲ့ အင်တာမီလန်တို့ရဲ့ စီးရီးအေ ပွဲစဉ် ကတော့ မီလန် ဒါဘီ ထုံးစံ အတိုင်း အကြိတ်အနယ် ရှိခဲ့ပြီး အင်တာမီလန်က ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အင်တာမီလန်က လက်ကျန် ၅ ပွဲ ကစားဖို့ ကျန်ရှိပေမယ့်လည်း စကူဒက်တို ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အေစီမီလန် ဘက်က မိုက်ဂ်နန်၊ တိုမိုရီ၊ ဂက်ဘီယာ၊ ကာလာဘရီယာ၊ ဟာနန်ဒက်ဇ်၊ အက်ဒ်လီ၊ ရိုင်ဒါ၊ လော့ဖ်တပ်စ်ချိခ်၊ ပူလီဆစ်၊ မူဆာ့ရ်၊ လီယောင်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အင်တာမီလန် ကတော့ သူတို့ရဲ့ ချန်ပီယံ မျှော်လင့်ချက် အတွက် အဆုံးအဖြတ် ပွဲစဉ် ဖြစ်တာနဲ့ အညီ လူစုံထုတ်လာခဲ့ပြီး ဆွမ်မား၊ အကာဘီ၊ ဘက်စတိုနီ၊ ပါဗက်ဒ်၊ ဘာရယ်လာ၊ ချလနောဂလူ၊ မက်ခီတာရန်၊ ဒါမီယန်၊ ဒီမာကို၊ သူရမ်၊ မာတီနက်ဇ် တို့ကို ပွဲထွက်စေခဲ့ပါတယ်။

မီလန် ဒါဘီရဲ့ ထုံးစံ အတိုင်း ဖျော်ဖြေမှုရသ အပြည့်ပေးနိုင်ခဲ့ပြီးတော့ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ တော်တော်လေး ကြည့်ကောင်းခဲ့ပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာတင်ပဲ အင်တာမီလန်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး ဒီမာကိုရဲ့ ထောင့်ကန်ဘောကို ဘက်စတိုနီနဲ့ အကာဘီတို့က နှစ်ဆင့် ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် လော်တာရို မာတီနက်ဇ် အပိုင်အခွင့်အရေး တစ်ကြိမ် ရခဲ့ပေမယ့် အံ့အားသင့်စရာ ကောင်းအောင် လွဲချော်ခဲ့ပြီး အေစီမီလန် ဘက်က လီယောင်ရဲ့ ကန်ချက် ကလည်း ပျော့လွန်းခဲ့လို့ ဆွမ်မား အသာအယာပဲ ကာကွယ်နိုင်ခဲ့ပါတယ်။ အဲ့နောက် သူရမ်ရဲ့ ကန်ချက် တိုင်ဘေးက ထွက်သွားသလို ကလာဘရီယာရဲ့ ကန်ချက်ကို ဆွမ်မား ပုတ်ထုတ် ကာကွယ်နိုင်ခဲ့လို့ အင်တာတို့ သက်သာခဲ့ရပါတယ်။ ပထမပိုင်း ပြီးခါနီးမှာလည်း မက်ခီတာရီရန်ရဲ့ ကန်ချက်ကို မိုက်ဂ်နန် ပုတ်ထုတ်သွားနိုင်ခဲ့လို့ ၀-၁ ရလဒ်နဲ့ ပထမပိုင်း ပြီးခဲ့ပါတယ်။

ဒါကြောင့် ၁-၂ ရလဒ်နဲ့ပဲ အင်တာမီလန်တို့ အနိုင်ရခဲ့ပြီး စီးရီးအေ ချန်ပီယံလည်း ဖြစ်သွားခဲ့ပါတယ်။
၃ ရာသီအကြာမှ တကျော့ပြန် စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တဲ့ အင်တာမီလန်

ဒုတိယပိုင်းမှာတော့ အေစီမီလန်က ပွဲကို ပိုမို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် သူရမ်က တစ်ကိုယ်တော် စွမ်းရည်နဲ့ ဂိုးသွင်းသွားခဲ့လို့ အင်တာတို့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲချိန်ကြာလာလေ ပွဲက ပိုကြမ်းလေ ဖြစ်ခဲ့ပြီး ပွဲချိန် မိနစ် ၈၀ မှာတော့ အေစီမီလန်တို့ ချေပဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ တိုမိုရီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပို မှာတော့ ရန်ပွဲတွေ ဖြစ်ခဲ့ပြီး အေစီမီလန် ဘက်က သီယို ဟာနန်ဒက်ဇ်နဲ့ အင်တာ ဘက်က ဒမ်းဖရီးစ်တို့ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို တံတောင်နဲ့ တွတ်ခဲ့တဲ့ ကလာဘရီယာလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် ၁-၂ ရလဒ်နဲ့ပဲ အင်တာမီလန်တို့ အနိုင်ရခဲ့ပြီး စီးရီးအေ ချန်ပီယံလည်း ဖြစ်သွားခဲ့ပါတယ်။

အင်တာမီလန်ဟာ သမိုင်းတစ်လျှောက် စီးရီးအေ ချန်ပီယံဆုကို အကြိမ် ၂၀ မြောက် ဆွတ်ခူးသွားနိုင်ခဲ့တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်က နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဆိုင်မွန် အင်ဇာဂီ လက်ထက် မှာတော့ ဒုတိယအကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပြီး တစ်ရာသီလုံး ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့တဲ့ အင်တာတို့ စကူဒက်တို ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ကိုင်မြှောက် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် အီတလီ စူပါဖလားလည်း ကိုင်မြှောက်ထားနိုင်ခဲ့လို့ အင်တာမီလန်ဟာ ဖလား နှစ်လုံး ချန်ပီယံ အဖြစ်နဲ့ ရာသီ သိမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အင်တာမီလန်ဟာ လာမယ့် စနေနေ့မှာတော့ တိုရီနိုနဲ့ ဆက်လက် ကစားရမှာ ဖြစ်ပြီးတော့ ဒီပွဲ ပြီးရင်တော့ ဆာဆူအိုလို၊ ဖရိုဆီနုန်း၊ လာဇီယို၊ ဗီရိုနာ တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ အင်တာမီလန်နဲ့ ၁၇ မှတ် ကွာဟသွားခဲ့တဲ့ အေစီမီလန် ကတော့ စီးရီးအေ ဒုတိယအဖြစ်နဲ့ပဲ ကျေနပ်ရတော့မှာ ဖြစ်ပြီး လာမယ့် စနေနေ့မှာတော့ ဂျူဗင်တပ်စ်၊ ဂျီနိုအာ၊ ကက်ဂလီယာရီ၊ တိုရီနို၊ ဆယ်လာနီတာနာ တို့နဲ့ ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်