နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တစ်ယောက်လျော့ ဖီအိုရင်တီးနားကို ဂိုးပြတ် အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ခဲ့တဲ့ အတ္တလန္တာ | ကိုပါအီတလီယာဖလား (ပွဲပြီးသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အတ္တလန္တာ ၄-၁ ဖီအိုရင်တီးနား (နှစ်ကျော့ပေါင်းရလဒ် ၄-၂)

ဒီကနေ့ မနက် အစောပိုင်းမှာလည်း ကိုပါအီတလီယာဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် အဖြစ် အတ္တလန္တာနဲ့ ဖီအိုရင်တီးနားတို့ ဂီဝစ် ကွင်းမှာ ကစားခဲ့ကြပါတယ်။ ပထမအကျော့ ဖီအိုရင်တီးနားကွင်းမှာ ၁-၀ ရလဒ်နဲ့ အရေးနိမ့်ထားတဲ့ အတ္တလန္တာတို့ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး ဂိုးပြတ် နိုင်ပွဲနဲ့ အတူ နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက် သွားခဲ့တာ ဖြစ်ပါတယ်။

မဖြစ်မနေ နိုင်ပွဲ ရဖို့ လိုအပ်နေတဲ့ အတ္တလန္တာက ဒီနေ့ပွဲမှာ အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့ပြီး အမှားအယွင်း မရှိ ကစားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ တစ်ဖက်မှာ ဖီအိုရင်တီးနား ကလည်း ပထမအကျော့က အနိုင်ရလဒ်ကို ထိန်းဖို့ ပြင်ဆင်လာခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကစားသမား တစ်ယောက် အထုတ်ခံလိုက်ရတာကြောင့် အားနည်းသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲအစ ၈ မိနစ်မှာပဲ အတ္တလန္တာတို့ ဦးဆောင်ဂိုး ရခဲ့ပြီး ဖီအိုရင်တီးနား နောက်တန်းရဲ့ လစ်ဟာမှုကို အခွင့်ကောင်းယူကာ ကု့ပ်မိုင်းနားက ဆကမ်မက်ကာရဲ့ ဖန်တီးပေးမှုကို အမှားအယွင်းမရှိ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဆကမ်မက်ကာက ဒုတိယဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော အဖြစ် သတ်မှတ်ပေးခဲ့လို့ အတ္တလန္တာတို့ နစ်နာခဲ့ပါဝယ်။ နောက်ပိုင်းမှာ ပွဲက အပြန်အလှန် ရှိခဲ့ပြီး ဖီအိုရင်တီးနား ကတောင် ပိုကောင်းတဲ့ ပုံစံ တစ်ခု ပြသနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စပြီး သိပ်မကြာခင်မှာပဲ ဆကမ်မက်ကာကို ဥပဒေပြင်ပ ကစားခဲ့တဲ့ မီလန်ကိုဗစ် ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် ဖီအိုရင်တီးနားတို့ ၁၀ ယောက် ၁၁ ယောက် အနေအထားမှာ အတ္တလန္တာကို ဘယ်လိုမှ မယှဉ်နိုင်တော့ပါဘူး။ ဒါပေမယ့်လည်း ဖီအိုရင်တီးနားတို့ ဂိုးထပ်ရခဲ့ပြီး ဘီရာဂီရဲ့ ဖရီးကစ် ကနေ တဆင့် ကန်တင်ပေးပို့မှုကို ကာတာက ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ မာဆေးလ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို ကိုပါအီတလီယာဖလား မှာတော့ ၅ နှစ် အတွင်း ဗိုလ်လုပွဲ ၄ ကြိမ် တက်ခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ လွယ်တော့ မလွယ်ပါဘူး။
ယူရိုပါကွန့်ဖရင့်လိဂ် မျှော်လင့်ချက် ကျန်ရှိနေသေးတဲ့ ဖီအိုရင်တီးနား

ဒါပေမယ့် တစ်ယောက်အသာနဲ့ ကစားနေတဲ့ အတ္တလန္တာကို ဖီအိုရင်တီးနားတို့ ဘယ်လိုမှ မတောင်ခံနိုင်ခဲ့ပဲ ၇၅ မိနစ်နဲ့ နာကျင် အချိန်ပို ၄ မိနစ်နဲ့ ၈ မိနစ် တွေမှာ ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပါတယ်။ အတ္တလန္တာ အတွက် ဂိုးတွေ ကိုတော့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ ဆကမ်မက်ကာနဲ့ လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ လွတ်ခ်မန်းနဲ့ ဆကမ်မက်ကာ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အတ္တလန္တာရဲ့ ခြေစွမ်းကလည်း ထူးဆန်းပါတယ်။ ရာသီ အစနဲ့ အလယ်မှာ လိမ်ဖယ်လိမ်ဖယ် ဖြစ်ခဲ့သမျှ အရေးကြီးတဲ့ အချိန်မှာတော့ ပုံစံကောင်းတွေ ပြသပြီး အခုဆိုရင်တော့ ဖလား နှစ်လုံး လမ်းကြောင်းပေါ်ကို ရောက်‌နေခဲ့ပြီ ဖြစ်ပါတယ်။ ဂက်စပီရီနီရဲ့ အသင်းက ယူရိုပါလိဂ်မှာ လစ်ဗာပူးလ်လို အသင်းကိုတောင် ဂိုးပြတ် ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ် ရောက်နေခဲ့သလို ကိုပါအီတလီယာဖလား မှာလည်း ချန်ပီယံဆုနဲ့ လက်တကမ်းအကွာ ရောက်လာခဲ့ပါပြီ။ ဒါပေမယ့်လည်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ မာဆေးလ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို ကိုပါအီတလီယာဖလား မှာတော့ ၅ နှစ် အတွင်း ဗိုလ်လုပွဲ ၄ ကြိမ် တက်ခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ လွယ်တော့ မလွယ်ပါဘူး။

အတ္တလန္တာဟာ ဒီပွဲပြီးရင် အမ်ပိုလီနဲ့ ကစားရဖို့ ရှိပြီး လာမယ့်ရာသီ ဥရောပဝင်ခွင့် တစ်နေရာ အတွက် ဆက်လက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။ ဖီအိုရင်တီးနား ကတော့ ဆာဆူအိုလိုနဲ့ ဆက်လက် ကစားရဖို့ ရှိပြီး အဲ့ဒီပွဲ ပြီးရင်တော့ ယူရိုပါကွန့်ဖရင့်လိဂ် ဆီမီးဖိုင်နယ် အဖြစ် ကလပ် ဘရုဂေးနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်