နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတန်းဖို့ဒ်ဘရစ်ချ် ဖိုက်စတား နိုင်ပွဲနဲ့ အတူ ဥရောပဝင်ခွင့် မျှော်လင့်ချက် ပြန်လည် ရှင်သန်လာတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ချဲလ်ဆီး ၅-၀ ဝက်စ်ဟမ်း

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အိမ်ရှင် ချဲလ်ဆီးက ဝက်စ်ဟမ်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးတို့ ယူနိုက်တက်ကို ကျော်တက်ပြီး အဆင့် ၇ နေရာ ရောက်လာခဲ့သလို ဥရောပဝင်ခွင့် တစ်နေရာ မျှော်လင့်ချက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပီထရိုဗစ်၊ ဘာဒီယာရှီးလ်၊ ဆေးလ်ဗား၊ ချာလိုဘာ၊ ကူကာရယ်လာ၊ ဂယ်လာဟာ၊ ကိုင်စီဒို၊ ပါးလ်မား၊ မာဒူကေး၊ မူဒရစ်ခ်၊ ဂျက်ဆန် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဝက်စ်ဟမ်း ကလည်း ချဲလ်ဆီးလိုပဲ ၄-၂-၃-၁ နဲ့ ပွဲထွက်လာခဲ့ပြီး အာရီယိုလာ၊ ဇူးမား၊ အော့ဂ်ဘွန်နာ၊ ကူဖယ်၊ အီမာဆင်၊ အဲလ်ဗရက်စ်၊ ဆိုချက်ခ်၊ ပက်ကေးတား၊ ကူဒု့စ်၊ ဘိုဝင်၊ အန်တိုနီယို တို့ ပါဝင်ကစားခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ ဒီရာသီ အတွင်း အဲဗာတန်ကို ၆-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲပြီးရင် နောက်ထပ် အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။ စပါးကို အနိုင်ရပြီးတဲ့နောက်မှာ စိတ်ဓာတ်ပိုင်းရော၊ ခြေစွမ်းပိုင်းမှာပါ တိုးတက်လာတဲ့ ချဲလ်ဆီးတို့ လန်ဒန် မြို့ခံ ပြိုင်ဘက်ကို ဂိုးပြတ် အလဲထိုးနိုင်ခဲ့တာပါ။ ဒါ့အပြင် ပိုချက်တီနိုရဲ့ အသင်းက ဝက်စ်ဟမ်းနဲ့ ပထမအကျော့ ဂိုးပြတ် ရှုံးကြွေးကို အပြည့်အဝ ပြန်ဆပ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ခြင်းနဲ့ အတူ ပရီးမီးယားလိဂ် မှာလည်း အဆင့် ၉ နေရာ အထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၉ နေရာကို ရောက်ရှိနေတဲ့ ဝက်စ်ဟမ်း

ကိုးလ်ပါးလ်မား ဟာ ချဲလ်ဆီး အတွက် မရှိမဖြစ် ဆိုတာ သက်သေပြခဲ့တဲ့ နောက်ထပ် တစ်ပွဲ ဖြစ်ပြီး ချဲလ်ဆီး အတွက် အဖွင့်ဂိုး ကိုလည်း ပါးလ်မား ကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် တာဝန်ယူထားတဲ့ ကော်နာ ဂယ်လာဟာ အနေနဲ့လည်း အသင်း အတွက် ဘယ်လောက်အထိ အရေးပါသလဲ ဆိုတာ တောက်လျောက် သက်သေပြနေသလို ဝေဖန်မှုတွေ များစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မာဒူကေးနဲ့ ဒရော့ဘာ လက်သစ် နီကိုးလက်စ် ဂျက်ဆန် တို့လည်း ဖိအားတွေ အောက်ကနေ ထပ်မံ ရုန်းထွက်ပြနိုင်ခဲ့ပါတယ်။   ချဲလ်ဆီးရဲ့ အသင်းလိုက် ညီညွတ်တဲ့ ကစားဟန်ကို မြင်တွေ့ခဲ့ရပြီး မာဒူကေးဟာ တစ်ကိုယ်ကောင်း မဆန်ပဲ ဂျက်ဆန် အတွက်လည်း တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဂျက်ဆန် ကတော့ အရင်လို့ လက်နဲ့ ကိုင်သွင်းရင်တောင် မဝင်တဲ့ အတိတ်ဆိုးတွေကို သွင်းဂိုးတွေနဲ့ ချေဖျက်ပြနေပြီး ပင်နယ်တီ မပါ သွင်းဂိုးချင်း ယှဉ်ရင် အသင်းဖော် ပါးလ်မား၊ အာဆင်နယ်က ဆာကာ၊ ဟာဗက်ဇ် တို့ထက် ဂိုးပိုသွင်းထားသလို လစ်ဗာပူးလ်က ဆာလာနဲ့လည်း ဂိုးအရေအတွက် တူနေခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး ပရိသတ်တွေ အတွက်တော့ ကျေနပ်စရာ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့မှာ သေချာပြီး နေရာစုံက ကစားသမားတွေ ပုံစံ မတူပဲ သွင်းဂိုးတွေ ရခဲ့ကြတာ အားရစရာပါ။ ဒီရလဒ်ကြောင့် ချဲလ်ဆီးက ၃၅ ပွဲ ကစားပြီးချိန်မှာ ၅၄ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာ အထိ ရောက်လာခဲ့ပြီး ယူရိုပါကွန့်ဖရင့်လိဂ်တော့ မျှော်လင့်လာနိုင်ပါပြီ။ ချဲလ်ဆီးရဲ့ နိုင်ပွဲတွေကြောင့် ယူနိုက်တက်နဲ့ နယူးကာဆယ် တို့လည်း အမှားခံလို့ မရတော့ပါဘူး။ ဝက်စ်ဟမ်း ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ခြင်းနဲ့ အတူ ပရီးမီးယားလိဂ် မှာလည်း အဆင့် ၉ နေရာ အထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပ ဝင်ခွင့် တစ်နေရာ ရဖို့ မဖြစ်နိုင်သလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လာမယ့် မေလ ၁၁ ရက်နေ့မှာ ဖောရက်စ်နဲ့ ကစားဖို့ ရှိပြီး ဝက်စ်ဟမ်း ကတော့ လူတန်တောင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်