နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပဲလေ့စ်ကို ဂိုးပြတ် ရှုံးပြီး စံချိန်မှတ်တမ်းဆိုးတွေ ထပ်တင်ခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ခရစ္စတယ်ပဲလေ့စ် ၄-၀ မန်ချက်စတာယူနိုက်တက်

မန်ချက် ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ရဲ့ နောက်ကျ ပွဲစဉ် မှာတော့ ခရစ္စတယ်ပဲလေ့စ်က ယူနိုက်တက်ကို ၄-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ခံစစ်ပိုင်း အားနည်းချက်တွေကြောင့် ယူနိုက်တက်တို့ ဂိုးပြတ် အရေးနိမ့်ခဲ့ရတာ ဖြစ်ပြီး ဒီရှုံးပွဲကြောင့်လည်း ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၈ နေရာကို ဆင်းပေးခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ ပဲလေ့စ်က ၃-၄-၂-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဟန်ဒါဆန်၊ အန်ဒါဆန်၊ ကလိုင်း၊ ရစ်ချက်ဒ်၊ ဟူ့ဂျ်၊ ဝှာတန်၊ မူနော့ဇ်၊ မစ်ချဲလ်၊ အိုလစ်၊ အီးဇီး၊ မက်တေးတား တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ယူနိုက်တက် ကတော့ ဂိုးမှာ အိုနာနာ၊ ခံစစ် မှာတော့ ဒဏ်ရာရ ကစားသမားတွေ များပြားနေလို့ အီဗန့်စ်နဲ့ ကက်စ်မဲရိုးကို တွဲဖက်ပေးခဲ့ရပြီး ဒါးလော့တ်၊ ဝမ်ဘစ်ဆာခါ၊ ကွင်းလယ်မှာ အဲရစ်ခ်ဆန်၊ မိန်းနူး၊ မောင့်၊ တိုက်စစ်မှာတော့ ဂါနာချို၊ အန်တိုနီ၊ ဟွိုက်ဂျ်လန်းတို့ ပါဝင်လာခဲ့ပါတယ်။ တကယ်တော့ ယူနိုက်တက်ရဲ့ လူစာရင်းမှာ ဂျွန်နီ အီဗန့်စ် တစ်ဦးတည်းသာ ဗဟိုခံစစ်မှူး အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပေမယ့် အီဗန့်စ် ကလည်း ကြံ့ခိုင်မှု မပြည့်ဝပဲ ဝင်ရောက် ကစားခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် လည်း ပါဝင်ကစားနိုင်ခြင်း မရှိခဲ့လို့ ယူနိုက်တက်ရဲ့ တိုက်စစ် ကလည်း တစ်ပွဲလုံး သေနေခဲ့ပါတယ်။ ဒါ့အပြင် တန်ပြန် တိုက်စစ်ကောင်းတဲ့ ပဲလေ့စ်ကြောင့် ယူနိုက်တက်တို့ ပထမပိုင်းမှာ ၂ ဂိုး၊ ဒုတိယပိုင်းမှာ ၂ ဂိုးစီ ပေးရင်း ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ပဲလေ့စ် အတွက် ဂိုးတွေ ကိုတော့ အိုလစ်က ၂ ဂိုး၊ မက်တေးတားနဲ့ မစ်ချဲလ် တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု အရပဲ အနည်းငယ် သာခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ လုံးဝ မပြုလုပ်နိုင်ခဲ့ပါဘူး။ တစ်ပွဲလုံး ဂိုးပေါက် တည့်မှု ၂ ကြိမ်သာ ရှိခဲ့ပြီးတော့ ပဲလေ့စ်ကတော့ ဂိုးပေါက်တည့် ကန်ချက် ၁၀ ကြိမ် အထိ ရှိခဲ့တာ ဖြစ်ပါတယ်။

အနိုင်ရခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်ရှိနေခဲ့ပြီး လာမယ့် တစ်ပတ် မှာတော့ ဝုဗ်ရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၈ နေရာကို ကျဆင်းသွားခဲ့တဲ့ ယူနိုက်တက်

ခရစ္စတယ်ပဲလေ့စ်ကို ရှုူံနိမ့်ပြီးတဲ့နောက် ယူနိုက်တက်ဟာ အသင်း သမိုင်း တစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ၁၃ ပွဲ အထိ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းလည်း ဝင်သွားခဲ့ပါတယ်။ ဒါ့အပြင် ပဲလေ့စ်ကို ပထမဦးဆုံး အကြိမ် အဖြစ် ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာ ဖြစ်သလို ယူနိုက်တက်ရဲ့ ခံစစ် ကလည်း ၁၉၇၆-၇၇ ဘောလုံးရာသီ နောက်ပိုင်း အမြင့်ဆုံး အဖြစ် ပေးဂိုး ၈၁ ဂိုး အထိ ခွင့်ပြုခဲ့ရပြီလည်း ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ သူ့ အသင်းဟာ ဒီရာသီ ပွဲစဉ် ၄၀ ကျော် ကစားထားရာမှာ ခံစစ်ကို အကြိမ် ၃၀ အထိ အပြောင်းအလဲ လုပ်ခဲ့ရတယ်လို့ ပြောဆိုထားခဲ့တာပါ။ တကယ်တမ်းလည်း ယူနိုက်တက်ဟာ ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်း နိမ့်ပါးနေသလို နည်းပြရဲ့ နည်းစနစ်ပိုင်း အားနည်းချက်တွေကြောင့် ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏ ဆိုသလို အဓိက ကစားသမားတွေ ဒဏ်ရာရနေခဲ့တာကြောင့် ယူနိုက်တက်တို့ နလံမထူနိုင်ဖြစ်နေပြီး အရင်က မရှုံးဖူးတဲ့ အသင်းတွေကိုပါ စံချိန်တင် ပေးဂိုးတွေနဲ့ ရှုံးနိမ့်နေခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် မေလ ၁၂ ရက်နေ့မှာ တစ်ချိန်က အစဉ်အလာ ပြိုင်ဘက်ကြီး အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အသင်းကြီး အချင်းချင်း တွေ့ရင် ခြေကုန်ထုတ် ကန်တတ်သလို အထူးသဖြင့် အာဆင်နယ်နဲ့ ဆိုရင် ပိုပြီး အားထည့်လေ့ ရှိတဲ့ အသင်းပါ။ ဒါပေမယ့်လည်း လက်ရှိ ခြေစွမ်းအရတော့ Form မိနေတဲ့ အာဆင်နယ်ကို ယှဉ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူးလို့ ကြိုတင် သုံးသပ်မှုတွေလည်း ရှိနေခဲ့ပါပြီ။ ဒဏ်ရာရကစားသမား များပြားနေပြီး ခြေစွမ်းကျဆင်းနေတဲ့ ယူနိုက်တက်တို့ လာမယ့် တစ်ပတ် ပရီးမီးယားလိဂ်မှာ ဘာတွေ လုပ်ပြဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အနိုင်ရခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်ရှိနေခဲ့ပြီး လာမယ့် တစ်ပတ် မှာတော့ ဝုဗ်ရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်