နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ငယ်ဘဝကလပ် ဖလူမီးနီးစ်ကို ပြန်သွားတဲ့ သီယာဂို ဆေးလ်ဗား | ပရီးမီးယားလိဂ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘရာဇီးလ် ဝါရင့် နောက်ခံလူ သီယာဂို ဆေးလ်ဗားဟာ ရာသီအကုန်မှာ ချဲလ်ဆီး ကနေ ထွက်ခွာတော့မှာ သူ့ရဲ့ ငယ်ဘဝ ကလပ် ဖလူမီးနီးစ်ကို ပြန်လည် ပြောင်းရွှေ့မှာ ဖြစ်ကြောင်း ပရီးမီးယားလိဂ် ကလပ် ဘက်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဆေးလ်ဗားဟာ ၂၀၂၀ ခုနှစ်မှာ ပီအက်စ်ဂျီ ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့ပြီး လန်ဒန် အခြေစိုက် ကလပ် အတွက် ၁၅၂ ပွဲ ကစားကာ ချန်ပီယံလိဂ်၊ ကလပ် ကမ္ဘာ့ဖလားနဲ့ ယူအီးအက်ဖ်အေ စူပါဖလား တို့ကို ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆေးလ်ဗားက လာမယ့် ဇွန်လမှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။   ဒါကြောင့် ဆေးလ်ဗားက ချဲလ်ဆီး ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့လကပဲ အတည်ပြုခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝကို စတင်ရာ နေရာမှာပဲ ကုန်ဆုံးမှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။   

သီယာဂို ဆေးလ်ဗားဟာ အသက် ၁၄ နှစ် အရွယ် ဖလူမီးနီးစ် အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့ပြီး လက်ရှိမှာတော့ သူ့ရဲ့ ငယ်ဘဝ ကလပ်ဆီ ၂ နှစ် စာချုပ်နဲ့ ပြန်သွားတော့မှာ ဖြစ်ပါတယ်။ ဆေးလ်ဗားဟာ ဖလူးမီးနီးစ် အတွက် မကစားရသေးခင် မှာတော့ ဂျူဗင်တု့ဒ်၊ ပေါ်တို၊ ဒိုင်နမို မော်စကို အသင်းတွေမှာ ဖြတ်သန်းခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် မှာတော့ စီးရီးအေ ထိပ်သီး ကလပ် အေစီမီလန် အသင်းထံ ယူရို ၁၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဆေးလ်ဗားက ဥရောပ ဘောလုံး စင်မြင့်ထက်မှာ အကောင်းဆုံး တောက်ပနိုင်ခဲ့ပါတယ်။ ၂၀၁၂ ကနေ ၂၀၂၁ ခုနှစ် အထိတော့ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ အသင်းမှာ ဖြတ်သန်းခဲ့ပြီး ၂၀၂၁ ကနေ ၂၀၂၄ အထိ ပရီးမီးယားလိဂ် ကလပ် အတွက် ကစားပေးခဲ့ပါတယ်။   

ဆေးလ်ဗားဟာ ဒီရာသီမှာ ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် ၂၆ ပွဲ ကစားထားပြီး တစ်ပွဲ ပျမ်းမျှ ၁.၆ ဂိုးသာ ခွင့်ပြုပေးခဲ့ရပြီး သူမပါချိန်မှာတော့ ချဲလ်ဆီး ခံစစ်က တစ်ပွဲကို နှစ်ဂိုးနှုန်း ပေးထားခဲ့ရတာ ဖြစ်ပါတယ်။
ဇူလိုင်လ ၁ ရက်နေ့မှာ ဖလူးမီးနီးစ်နဲ့ စတင် လက်တွဲမယ့် ဆေးလ်ဗား

ဆေးလ်ဗား ဟာ ကိုဗစ် ကပ်ရောဂါ ကာလ အတွင်း ပရီးမီးယားလိဂ် ကလပ် အတွက် အကောင်းဆုံး ရပ်တည်ပေးခဲ့တဲ့ ကစားသမား ဖြစ်သလို အောင်မြင်မှုတွေလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အသင်း ပိုင်ရှင်ဟောင်း ရိုမန် အေဗရာမိုဗစ်ခ်ျ လက်ထက်က ခေါ်ယူခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး လက်ရှိမှာတော့ ရာသီကုန်ရင် ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ သူပြီးရင်တော့ ဘန်ချေးဝဲလ်နဲ့ ရိစ်ဂျိမ်းစ် တို့ဟာ ပေါ်တိုမှာ ချဲလ်ဆီး ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်နိုင်ခဲ့စဉ်က ပါဝင်ခဲ့တဲ့ နောက်ဆုံး ကစားသမားတွေ ဖြစ်လာတော့မှာပါ။ 

တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဒီကစားသမားဟာ ပြီးခဲ့တဲ့ ရက်က ဘရာဇီးလ်သို့ ပြန်သွားပြီ ဖြစ်ကြောင်း အင်စတာဂရမ်တွင် ကြေငြာခဲ့ပြီး “ I’m coming home” ဆိုတဲ့ စာတန်းနဲ့ အတူ ဖလူမီးနီးစ် အင်္ကျီနဲ့ ပုံလည်း တင်ခဲ့ပါတယ်။

ချဲလ်ဆီး အသင်းရဲ့ ထုတ်ပြန်ချက်အရ ဆေးလ်ဗားဟာ ပရီးမီးယားလိဂ် ရာသီ ပြီးဆုံးချိန် ဇူလိုင် ၁ ရက်မှာ ဘရာဇီးလ် ကလပ် ဖလူမီးနီးစ်နဲ့ လေ့ကျင့်ခွင့်ရမှာ ဖြစ်ကြောင်း သိရပါတယ်။ ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ လက ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ၂-၂ သရေကျခဲ့တဲ့ ပွဲမှာ ပေါင်ခြံ ဒဏ်ရာရရှိခဲ့တာကြောင့် ချဲလ်ဆီး အတွက် သူ့ရဲ့ နောက်ဆုံးပွဲကို မကစားနိုင်ခဲ့မှာ စိုးရိမ်ခဲ့ရပေမယ့် ဝက်စ်ဟမ်းကို ၅ ဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာတော့ ပွဲချိန် မိနစ် ၈၀ ကျော် ဝင်ရောက် ကစားသွားခဲ့ပါတယ်။   ဒါ့အပြင် မာဒူကေးရဲ့ သွင်းဂိုး အတွက် ဖန်တီးပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်နဲ့ သူ့ရဲ့ နှုတ်ဆက်ပွဲ ကတော့ လှပခဲ့တယ်လို့ပဲ ဆိုရပါမယ်။

ဆေးလ်ဗားဟာ ဒီရာသီမှာ ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် ၂၆ ပွဲ ကစားထားပြီး တစ်ပွဲ ပျမ်းမျှ ၁.၆ ဂိုးသာ ခွင့်ပြုပေးခဲ့ရပြီး သူမပါချိန်မှာတော့ ချဲလ်ဆီး ခံစစ်က တစ်ပွဲကို နှစ်ဂိုးနှုန်း ပေးထားခဲ့ရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်