နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်ဖို့ ယုံကြည်မှု ပျောက်ဆုံးနေတယ်လို့ ဝန်ခံလိုက်တဲ့ စပါး နည်းပြ | ပရီးမီးယားလိဂ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်ကို ၄-၂ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် တော့တင်ဟမ်ဟော့စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူးက သူတို့ အသင်း အနေနဲ့ ယုံကြည်မှု အားနည်းနေပြီး ရုန်းထွက်ဖို့ လိုအပ်နေပြီလို့ ဖွင့်ဟ ပြောကြားသွားပါတယ်။

စပါးဟာ ပွဲအစပိုင်းမှာ အထနှေးခဲ့ပြီး မိုဟာမက် ဆာလာ၊ အန်ဒရူး ရောဘတ်ဆန်၊ ကိုဒီ ဂတ်ပိုနှင့် ဟာဗေး အယ်လီယော့ တို့၏ သွင်းဂိုးတွေနဲ့ ဂိုးပြတ် ဦးဆောင်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် ရစ်ချာလီဆင်နဲ့ ဆွန် တို့က ချေပဂိုး ၂ ဂိုး ပြန်သွင်းပေးခဲ့ပြီး ဒီဂိုးတွေကြောင့်သာ အရှက်တကွဲ မရှုံးခဲ့တာ ဖြစ်ပါတယ်။ ဆွန် အတွက် စပါးနဲ့ ပရီးမီးယားလိဂ် ပွဲ ၃၀၀ ပြည့်ခဲ့ပေမယ့်လည်း အသင်းက ရလဒ် ဆိုးခဲ့လို့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ စပါးဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ် လေးပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့လည်း ဝေဝါးနေခဲ့ပြီ ဖြစ်ပါတယ်။

တစ်ဖက်မှာ အက်စတွန်ဗီလာက ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံး လေးသင်း နေရာ အတွက် အခွင့်အရေး ရခဲ့ပေမယ့် စပါးတို့ အသုံးမချနိုင်ခဲ့လို့ အဆင့် ၄ နေရာနဲ့ ၇ မှတ် ပြတ်သွားစေခဲ့ပါတယ်။ ပိုစတီကိုဂလူးရဲ့ အသင်းက ဗီလာထက် တစ်ပွဲလျော့ ကစားထားပေမယ့် လက်ရှိ ခြေစွမ်းအရရော၊ ဗီလာတို့ ခြေချော်မှသာ ချန်ပီယံလိဂ် ဝင်ခွင့်ကို မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။

ဆွန် အတွက် စပါးနဲ့ ပရီးမီးယားလိဂ် ပွဲ ၃၀၀ ပြည့်ခဲ့ပေမယ့်လည်း အသင်းက ရလဒ် ဆိုးခဲ့လို့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။
နှစ် ၂၀ အတွင်း ပထမဦးဆုံး အကြိမ် ၄ ပွဲဆက် ရှုံးခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး

စပါး အသင်းမှာ ယုံကြည်မှု ပြဿနာတွေ ရှိသလားလို့ Sky Sportsက မေးမြန်းရာမှာတော့ အန်ဂျီက “ရှေ့တန်း ၃ ယောက်မှာတော့ ဖြစ်နိုင်ပါတယ်။ ယုံကြည်မှု အားနည်းနေတာ ဖြစ်နိုင်ပြီး ဒါကလည်း ကောင်လေးတွေ လုပ်ရမယ့် ကိစ္စပါ။ သူတို့တွေ အနေနဲ့ ရုန်းထွက်နိုင်ဖို့ လိုအပ်ပြီး တစ်ဖက်ကို ဖိအားမပေးနိုင်ရင် သူတို့ အလုပ်ကို သူတို့ မလုပ်နိုင်ရင် သူတို့ ကစားတဲ့ နေရာတွေနဲ့ အံဝင်ခွင်ကျ ဖြစ်တော့မှာ မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

စပါးဟာ ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၉ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲမရခဲ့ပါဘူး။ ဒီလိုမျိုး ရလဒ်တွေ ဆိုးရွားနေပေမယ့် ပိုစတီကိုဂလူး ကတော့ သူ့ အသင်းရဲ့ စွမ်းဆောင်ရည် အပိုင်းမှာ တိုးတက်မှုတွေ ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ဆက်လက်ပြီး ပိုစတီကိုဂလူးက “ကျွန်တော်တို့ အတွက် အလွန် စိတ်ပျက်စရာ ကောင်းတဲ့ ရလဒ် တစ်ခု ဖြစ်ပေမယ့် အနည်းဆုံးတော့ ကျွန်တော်တို့ရဲ့ ကစားဟန် အတိုင်း ကစားနိုင်ခဲ့ပါတယ်။ နယူးကာဆယ်၊ ချဲလ်ဆီး တို့နဲ့ အဝေးကွင်း နောက်ဆုံး ၂ ပွဲမှာ ရလဒ်တွေ မကောင်းခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျနော် တို့ရဲ့ ဟန်အတိုင်း ကစားဖို့ မကြိုးစားခဲ့သလို မကစားလည်း မကစားနိုင်ခဲ့ပါဘူး။”

“ ဒီနေ့မှာ အထူးသဖြင့် ပထမပိုင်းမှာ ကျနော် တို့ရဲ့ ဖိအားပေး ကစားဟန်ကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ရှိသင့်တဲ့ ပုံစံမျိုးလည်း ပြန်လည် မြင်တွေ့ခဲ့ရတယ်လို့ ထင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ စပါးဟာ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အဖြစ် ဘန်လေ၊ မန်စီးတီး၊ ရှက်ဖီးလ်ယူနိုက်တက် တို့နဲ့ ကစားဖို့ ကျန်ရှိနေပါတယ်။ စပါးဟာ ဘန်လေနဲ့ မန်စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး ရှက်ဖီးလ်ယူနိုက်တက် ကိုတော့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာပါ။ ချန်ပီယံလိဂ် ဝင်ခွင့် အဓိက ပြိုင်ဘက် ဖြစ်နေတဲ့ အက်စတွန်ဗီလာ ကတော့ လစ်ဗာပူးလ်၊ ပဲလေ့စ် တို့နဲ့ ကစားရဦးမှာ ဖြစ်ပြီး လက်ကျန် ၂ ပွဲမှာ အနည်းဆုံး ၃ မှတ် ယူနိုင်ဖို့ လိုအပ်ပါတယ်။ စပါး ကတော့ လက်ကျန် ၃ ပွဲစလုံး အနိုင်ရရင်တောင် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မသေချာသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်