နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီကလန် ရိုက်စ် မရှိလို့ ဝက်စ်ဟမ်းတို့ တိုင်ပတ်သွားရကြောင်း ညီးတွားခဲ့တဲ့ ဒေးဗစ် မွိုက်စ် | ပရီးမီးယားလိဂ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း အသင်းရဲ့ နည်းပြ ဒေးဗစ် မွိုက်စ်က ဒီကလန် ရိုက်စ် ထွက်ခွာသွားခြင်းကြောင့် အသင်းရဲ့ ခံစစ်ပိုင်းမှာ ယိုပေါက်များ ရှိနေပြီး ရုန်းကန်နေရကြောင်း ညီးတွားပြောဆိုလာခဲ့ပါတယ်။ မွိုက်စ်က ဒီကလန် ရိုက်စ်ကို အင်္ဂလန်ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား လို့ ချီးကျူး ပြောဆိုခဲ့သလို ရိုက်စ် မရှိတော့ခြင်းကြောင့် သူ့အသင်း ဟန်ချက်ပျက်သွားရကြောင်း ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ချဲလ်ဆီးကို ၅-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဝက်စ်ဟမ်းရဲ့ ပေးဂိုး စုစုပေါင်း ၇၀ အထိ ရှိခဲ့ပြီး ဟမ်းမားတွေ အနေနဲ့ လက်ရှိ တန်းဆင်းဇုန် အပြင်ဘက်က အသင်းတွေထဲမှာ ပေးဂိုး အများဆုံး ဖြစ်နေခဲ့ပါတယ်။ ဒီကလန် ရိုက်စ် ရှိစဉ်က ဝက်စ်ဟမ်းရဲ့ ခံစစ်ပိုင်းက စိတ်ချခဲ့ရပြီး လက်ရှိ မှာတော့ အင်္ဂလန် ကွင်းလယ်လူဟာ အာဆင်နယ်မှာ အကောင်းဆုံး တောက်ပပြနေခဲ့ပြီး အသင်းဟောင်းနဲ့ ပြောင်းပြန် ဖြစ်နေခဲ့တာပါ။

အာဆင်နယ်ဟာ ဒီကလန် ရိုက်စ်ကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလမှာ ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး အသင်း အတွက် အရေးပါတဲ့ ကွင်းလယ်ပိုင်းကို ဖြည့်တင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဟာ လက်ရှိမှာ ပြောင်းရွှေ့ကြေးထက် ပိုတန်တဲ့ ခြေစွမ်းကို ပြသထားနိုင်ပြီး မကြာသေးမီက FWA တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု ဆန်ကာတင် စာရင်းမှာလည်း ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် ရိုက်စ်ဟာ ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာလည်း ဒီရာသီ သူ့ရဲ့ ၇ ဂိုးမြောက် သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ဒီရာသီ ဝက်စ်ဟမ်းရဲ့ ခံစစ်မှာ ဘာတွေ လွဲချော်နေလဲ ဆိုတာကို မေးမြန်းရာမှာတော့ မွိုက်စ်က သူတို့ အသင်းဟာ အရင်လို တောင့်တင်းမှု မရှိတော့ကြောင်း ထောက်ပြခဲ့ပါတယ်။

“ကွင်းလယ်ကို အကောင်းဆုံး ကာကွယ်နိုင်တဲ့ ကစားသမားတွေ ရှိနေရင်၊ ပြိုင်ဘက်ရဲ့ ထိုးဖောက်မှု ၅၀ ရာခိုင်နှုန်းကို တားဆီးထားနိုင်ရင် အသင်းဟာ ပိုကောင်းတဲ့ ခံစစ်ကို ပိုင်ဆိုင်မှာပါ။” လို့ မွိုက်စ်က ရှင်းပြပါတယ်။

“ ကျွန်တော်တို့ဟာ နောက်တန်း လေးယောက်ရဲ့ ရှေ့မှာ ကာကွယ်မှုတွေ ကင်းမဲ့နေပြီး၊ လုံလောက်တဲ့ တားဆီးနိုင်မှု မရှိပါဘူး၊ ပွဲတော်တော်များများမှာ အဲဒီအချက်ကပဲ သက်ရောက်မှု ကြီးမားစေခဲ့တာပါ။”

တစ်ဖက် မှာတော့ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက ဒီကလန် ရိုက်စ်ဟာ တိုက်စစ်လိုက်ပါ ကစားရာမှာ ပိုပြီး အဆင်ပြေသူ အဖြစ် လက်ခံထားပြီး အင်္ဂလန်သားနဲ့ ကိုက်ညီတဲ့ နေရာလို့ ပြောကြားထားခဲ့ပါတယ်။

အာတေးတားက “ဒီလို ကစားတာက ကွင်းထဲမှာ သူ့ အတွက် နေရာလွတ်တွေ ပိုရမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” လို့ ဆိုပါတယ်။ ရိုက်စ်ရဲ့ ဂိုးသွင်း စွမ်းရည်နဲ့ ပတ်သက်လို့လည်း အာတေးတားက “ဒါပေမယ့် ပရီးမီးယားလိဂ်မှာ လုပ်ရမယ့်အရာ တစ်ခုပါပဲ။ သူလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို ချီးကျူးပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်