နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်တို့ ဘုန်းမောက်ကို အိုးထရက်ဖို့ဒ် ရှုံးကြွေး ပြန်ဆပ်သွားနိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘုန်းမောက် – မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ မှာ ဘုန်းမောက်ကို ဗိုက်တလတီ ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပထမအကျော့ အိုးထရက်ဖို့ဒ်မှာ ၀-၃ နဲ့ ရှုံးထားတဲ့ ယူနိုက်တက်တို့ ဘုန်းမောက်ကို ရှုံးကြွေး ဆပ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘုန်းမောက်ဟာ ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ ပွဲမှာတော့ တန်းဆင်းဇုန်ထဲက လူတန်ကို ၂-၁ ရလဒ်နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရှိနေတဲ့ ဘုန်းမောက်ဟာ အဆင့် ၁၀ အတွင်း ကနေ ရာသိသိမ်းနိုင်ဖို့ ရည်ရွယ်ထားပြီး လက်ကျန် ပွဲတွေကိုလည်း အာရုံစိုက်နေတာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ဘုန်းမောက်က တစ်ပွဲ ရှုံးတာနဲ့ နောက်ပွဲတွေ ဆက်တိုက် ရလဒ် ဆိုးတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ဘုန်းမောက်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၆ ပွဲနိုင်၊ ၅ ပွဲ သရေ၊ ၅ ပွဲ ရှုံးထားတာ တွေ့ရပါတယ်။

ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ခြင်းနဲ့ အတူ သူတို့ မျှော်လင့်နေတဲ့ ထိပ်ဆုံး ၄ သင်း နေရာကနေ ရာသီသိမ်းနိုင်ဖို့ မျှော်လင့်ချက် နည်းနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ယူအီးအက်ဖ်အေရဲ့ အပြောင်းအလဲ တစ်ခုကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်ဖွယ် ရှိနေသေးတာ ဖြစ်ပါတယ်။ အဲရစ်ခ် တန်ဟက်ဂ် အသင်းရဲ့ လက်ရှိ ခြေစွမ်းက မှန်းဆရခက်ပြီး အသင်းကြီးတွေ အချင်းချင်း တွေ့ရင် ခြေစွာသလောက် အသင်းငယ်တွေ ဆိုရင် မနည်းကန်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘုန်းမောက် ကလည်း လက်ရှိမှာ ပုံစံကောင်း ရနေတာကြောင့် ယူနိုက်တက်တို့ လွယ်ကူဖို့တော့ မရှိပါဘူး။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဘုန်းမောက် ဘက်က ဖရက်ဒရစ်ခ်၊ စင်နီစတာရာ၊ တာဗာနီယာတို့ လွဲချော်ဖို့ ရှိပြီး တိုင်လာ အဒမ်စ်နဲ့ မီဖမ်း တို့ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ခြင်းနဲ့ အတူ သူတို့ မျှော်လင့်နေတဲ့ ထိပ်ဆုံး ၄ သင်း နေရာကနေ ရာသီသိမ်းနိုင်ဖို့ မျှော်လင့်ချက် နည်းနေပြီ ဖြစ်ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက် ဘက်မှာတော့ လင်ဒီလော့ဖ်၊ မလာစီယာ၊ လုခ်ရှော၊ မာတီနက်ဇ်၊ အီဗန့်စ်၊ မာစီရယ်တို့ ဆက်လက် လွဲချော်မှာ ဖြစ်ပြီး ဗာရန်း ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း 

ဘုန်းမောက် – နီတို၊ ဇဘာညီ၊ ကယ်လီ၊ စမစ်၊ ကာကက်ဇ်၊ ကွတ်ခ်၊ ခရစ္စတီ၊ ကလွိုင်ဗက်၊ ဆီမီညို၊ အော့တာရာ၊ ဆိုလန်ကီ

မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ ကမ်ဘွယ်လား၊ မက်ဂွိုင်းယား၊ ဝမ် ဘစ်ဆာခါ၊ ဒါးလော့တ်၊ ကက်စ်မဲရိုး၊ မိန်းနူး၊ ဖာနန်ဒက်စ်၊ ဂါနာချို၊ ရက်ရှ်ဖို့ဒ်၊ ဟွိုက်ဂျ်လန်း


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘုန်းမောက်က ၃ ကြိမ်နိုင်၊ ယူနိုက်တက်က ၉ ကြိမ် နိုင်ထားပြီး ၁ ကြိမ် ကတော့ သရေကျထားပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၉ ကြိမ်စလုံး သရေကျခဲ့ခြင်း မရှိပဲ အနိုင်အရှုံး အဖြေပေါ်ခဲ့ပါတယ်။ ဘုန်းမောက်ဟာ လက်ရှိမှာ အိမ်ကွင်း နောက်ဆုံး ၄ ပွဲဆက် မရှုံးထားပါဘူး။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဘုန်းမောက်က ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ ယူနိုက်တက် ကတော့ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘုန်းမောက် နိုင်ရင် ၂.၃၁ ဆ၊ မန်ချက်စတာယူနိုက်တက် နိုင်ရင် ၂.၅၄ ဆ၊ သရေ ဆိုရင်တော့ ၃.၆၃ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေး၊ သရေ တစ်ဝက်ရှုံးကြေးတွေ ဖွင့်ပေးထားပြီး ဂိုးပေါင်း ကလည်း နှစ်သင်းပေါင်း ၃ လုံး သွင်းဖို့ လိုအပ်ပါတယ်။ ကြေးဖွင့်မှုအရ ဘွတ်ကီတွေ အနေနဲ့ ယူနိုက်တက်ကို အထင်သေးနေပုံရပါတယ်။ ဘုန်းမောက် ကလည်း အိမ်ကွင်း နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိထားလို့ ဒီလို ကြေးမျိုး ဖွင့်ထားတာ မထူးဆန်းပါဘူး။ ယူနိုက်တက်တို့ သေချာပေါက် ခက်ခက်ခဲခဲ ကစားရဦးမှာပါ။ ကျနော် ကတော့ အမှတ်လိုအပ်နေတဲ့ ယူနိုက်တက်တို့ မဖြစ်မနေ အနိုင်ကစားမယ်လို့ ထင်ပါတယ်။ အကျိုးအမြတ် အတွက်လည်း ယူနိုက်တက် ဘက်မှာ အရဲစွန့် ရပ်တည်ထားစေချင်ပါတယ်။

ခန့်မှန်းရလဒ်

ဘုန်းမောက် ၁-၂မန်ချက်စတာယူနိုက်တက် 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်