နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမြင့်ပျံနေတဲ့ ယူနိုက်တက်ကို ဖူလ်ဟမ်တို့ တားဆီးနိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

မန်ချက်စတာယူနိုက်တက် – ဖူလ်ဟမ်

ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ အဖြစ် ယူနိုက်တက်က ဖူလ်ဟမ်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားပြီး အမြင့်ပျံနေတာ ဖြစ်ပါတယ်။ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အသင်းက တစ်ပွဲထက် တစ်ပွဲ Form ပြန်မိလာခြင်းနဲ့ အတူ စိတ်ဓာတ်ပိုင်း ကလည်း အမြင့်ဆုံး ပြန်ရောက်လာပုံပါပဲ။ ယူနိုက်တက် တိုက်စစ်က နောက်ဆုံး ၅ ပွဲမှာ သွင်းဂိုး ၁၅ ဂိုးအထိ ရရှိထားပြီး ဟွိုက်ဂျ်လန်း ကလည်း ပွဲတိုင်းလိုလို ဂိုးတွေ သွင်းနေပါတယ်။ ဒါပေမယ့် ခြေစွမ်းပိုင်း ကတော့ အားရစရာ မရှိပဲ ဒါကိုလည်း ပြီးခဲ့တဲ့ လူတန်တောင်းနဲ့ ပွဲကို ပြန်ကြည့်ရင် မြင်နိုင်ပါတယ်။

ဖူလ်ဟမ်ရဲ့ အခြေအနေ ကတော့ အနုတ် လက္ခဏာ ပြနေဆဲပါ။ ပွဲစဉ် (၂၄) မှာ ဘုန်းမောက်ကို ဂိုးပြတ် ထနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာတော့ ဗီလာကို အိမ်ကွင်းမှာ ရှုံးခဲ့ပြန်ပါတယ်။ မာကို ဆေးလ်ဗားရဲ့ အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။ နောက်ပြီး ဖူလ်ဟမ်က ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည် ညံတဲ့ အသင်းထဲမှာ ပါပြီး နိုင်ပွဲ ၁ ပွဲသာ ရထားသလို ရှုံးပွဲ ကလည်း ၇ ပွဲ အထိ ရှိထားပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ပရီးမီးယားလိဂ်
မန်ချက်စတာ ယူနိုက်တက်
ဖူလ်ဟမ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

မန်ချက်စတာယူနိုက်တက် ဘက်မှာ ဘစ်ဆာခါ၊ မာစီရယ်၊ မာတီနက်ဇ်၊ မလာစီယာနဲ့ မောင့်တို့ ပါဝင်ကစားနိုင်ဖို့ မရှိပဲ လုခ် ရှော ကတော့ လူစာရင်းမှာ ပါဝင်လာဖို့ ရှိပါတယ်။
ဖူလ်ဟမ် ဘက်မှာတော့ အဓိက ကွင်းလယ်လူ ပေါ်လင်ဟာ ပွဲပယ်ထိထားပြီး ရာအူးလ် ဟင်မီနက်ဇ် ကတော့ ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ ဗာရန်း၊ မက်ဂွိုင်းယား၊ ဒါးလော့တ်၊ ရှော၊ ကတ်စ်မဲရိုး၊ မိန်းနူး၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဂါနာချို၊ ဟွိုက်ဂျ်လန်း
ဖူလ်ဟမ် – လန်နို၊ ဒီယော့ပ်၊ ရင်းမ်၊ ရော်ဘင်ဆင်၊ ကတ်စတန်ဂ်ညီ၊ ကိုင်ယာနေး၊ အီဝိုဘီ၊ ပါရဲရား၊ ဝီလီယံ၊ ရိဒ်၊ မူနစ်ဇ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

မာကို ဆေးလ်ဗားရဲ့ အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရှိနေတဲ့ ဖူလ်ဟမ်

နောက်ဆုံး တွေ့ဆုံမှု ၁၇ ကြိမ်မှာ ယူနိုက်တက်က ဖူလ်ဟမ်ကို ၁၄ ကြိမ်နိုင်ထားပြီး လုံးဝ မရှုံးခဲ့ပါဘူး။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် မှာလည်း ယူနိုက်တက်က ဖူလ်ဟမ်ကို ၄ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေ ကစားခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ယူနိုက်တက်က ၅ ပွဲစလုံး နိုင်ပြီး ဖူလ်ဟမ် ကတော့ ၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ ယူနိုက်တက် ဘက်က ဆိုရင် ၁.၅၁ ဆ၊ ဖူလ်ဟမ် ဘက်က ဆိုရင် ၅ ဆ၊ သရေ ဆိုရင်တော့ ၄.၁၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ယူနိုက်တက်က သရေ အရှုံးပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးသွင်းရင် အပြည့်ပျော်ရမှာပါ။ အမြင့်ပျံနေတဲ့ ယူနိုက်တက်ကို ဖူလ်ဟမ်တို့ လက်ရှိ ခြေစွမ်းနဲ့ တားဆီးဖို့ ခက်ပါလိမ့်မယ်။ အစဉ်အလာအရလည်း ယူနိုက်တက်က ဖူလ်ဟမ်နဲ့ တွေ့တိုင်း ရလဒ်ကောင်းလေ့ ရှိပါတယ်။ ယူနိုက်တက် ဘက်မှာပဲ အပိုင်ရပ်တည်ထားရမှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်