နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီးကို ဂိုးပြတ်တီးပြီး ချန်ပီယံ မျှော်လင့်ချက် ဆက်လက် ရှင်သန်ခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အာဆင်နယ် – ချဲလ်ဆီး

ပရီးမီးယားလိဂ် ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီ ပွဲစဉ် မှာတော့ အာဆင်နယ်က ချဲလ်ဆီးက ၅-၀ ရလဒ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ အာဆင်နယ်တို့ ခြေစွမ်းကောင်းခဲ့တာထက် ပြိုင်ဘက် ချဲလ်ဆီးရဲ့ စုတ်ပြတ်သတ်လွန်းနေတဲ့ ခြေစွမ်းကြောင့် အာဆင်နယ်တို့ လွယ်ကူတဲ့ နိုင်ပွဲ ရသွားခဲ့တယ်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။

နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပေမယ့် ချဲလ်ဆီး ဘက်မှာ‌တော့ အဓိက ကစားသမား ကိုးလ်ပါးလ်မား မပါခဲ့ပါဘူး။ ပိုချက်တီနို ကိုယ်တိုင်က ပါးလ်မား မပါလည်း အာဆင်နယ်ကို အနိုင်ကန်ပြမယ် ဆိုပြီး ပွဲမစခင်က ကြိမ်းထားတော့ ချဲလ်ဆီးရဲ့ ခြေစွမ်းကို စောင့်ကြည့်ချင်ခဲ့ပါတယ်။ တကယ်တမ်းလည်း ကစားရော ချဲလ်ဆီး အက်ဖ်စီ မဟုတ်ပဲ ကိုးလ်ပါးလ်မား အက်ဖ်စီလို့ ဘာကြောင့် လှောင်ပြောင်နေကြသလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်း အဖြေပေါ်ခဲ့ပါတော့တယ်။ အာဆင်နယ် ကတော့ သူတို့ရဲ့ ထုံးစံ အတိုင်း ၄-၃-၃ နဲ့ပဲ ပွဲထွက်လာခဲ့ပေမယ့် ကွင်းလယ်မှာတော့ သောမက်စ် ပါတေး ပြန်ပါလာခဲ့ပြီး အိုဒီဂတ်၊ ရိုက်စ် တို့နဲ့ တွဲဖက်ပေးခဲ့ပါတယ်။ အထောင် တိုက်စစ်မှာတော့ ချဲလ်ဆီး ကစားသမားဟောင်း ကိုင်ဟာဗက်ဇ်ကို ပွဲထွက်စေခဲ့သလို ထရော့ဆက်၊ ဆာကာ တို့နဲ့ ရံပေးခဲ့ပါတယ်။ 

ပွဲအစ ၄ မိနစ်မှာတင်ပဲ အာဆင်နယ်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး ရိုက်စ်ရဲ့ ဖန်တေးပေးမှုကို မှန်ဘီလူးလေးက အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဦးဆောင်ဂိုး စောစောစီးစီး ရခဲ့ပေမယ့် ကိုင်ဟာဗက်ဇ်ရဲ့ လေးကန်တဲ့ ကစားဟန်ကြောင့် အပြင် ဆာကာ ကလည်း ပုံမှန် ခြေစွမ်း ပြန်မရသေးလို့ အပိုင်အခွင့်အရေးတွေနဲ့ အကြိမ်ကြိမ် လွဲချော်ခဲ့ပါတယ်။ ချဲလ်ဆီး ဂိုးသမား ပီထရိုဗစ်ရဲ့ လက်စွမ်းပြမှုလည်း ပါပြီး ချဲလ်ဆီး ဘက်က ဂျက်ဆန်ရဲ့ လွဲချော်မှုတွေကို ဆက်လက် မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ၁-၀ ရလဒ်နဲ့ပဲ ပထမပိုင်း ပြီးခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ အာဆင်နယ်က ပထမပိုင်းနဲ့ လုံးဝ မတူတဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီးတော့ ပြိုင်ဘက် ခံစစ်ကို လုပ်ချင်တိုင်း လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်တို့ ၄ ဂိုး ထပ်ရခဲ့ပြီး ဘန်ဝှိုက်က ၂ ဂိုး၊ ဟာဗက်ဇ်က ၂ ဂိုး သွင်းယူပြီး ၅-၀ ရလဒ်နဲ့ လန်ဒန်ဒါဘီမှာ အကြီးအကျယ် အောင်ပွဲ ခံနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ မှော်အဆန်ဆုံးသော ကစားသမား ကတော့ အိုဒီဂတ် ဖြစ်ပြီး ယုံနိုင် လောက်စရာ မရှိတဲ့ ပေးပို့ဖန်တီးမှုတွေကို ပြုလုပ် ပေးနိုင်ခဲ့တာပါ

ကိုင်ဟာဗက်ဇ် ကတော့ ပထမပိုင်းက မရေရာခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ဒုတိယပိုင်းမှာ အသပ်ရပ် အဆင့်မြင့်တဲ့ သွင်းဂိုး (၂) ဂိုး နဲ့ ချေဖျက်ပြနိုင်ခဲ့တာပါ။ သောမက်စ် ပါတေး ပြန်ပါလာတဲ့ ကွင်းလယ်က တော်တော်လေး မြိုင်ဆိုင်ခဲ့ပြီး တိုက်စစ် လမ်းကြောင်းတွေကို အကောင်းဆုံး ဖွင့်ပေးနိုင်ခဲ့ပါတယ်။ ပါတေးကြောင့် ရိုက်စ်နဲ့ အိုဒီဂတ်တို့လည်း တိုက်စစ်ကို ပိုမို လိုက်ပါနိုင်ခဲ့ပြီးတော့ အာတေတာ အနေနဲ့ လာမယ့် ပွဲတွေမှာ ပါတေးကို မဖြစ်မနေ နေရာပြန်ပေးသင့်ကြောင်း ပေါ်လွင်ခဲ့ပါတယ်။ ရိုက်စ် ကစားတဲ့ LCM Role ဟာ အားရစရာ ကောင်းခဲ့သလို၊ ထရော့ဆက်ဒ် တစ်ယောက်လည်း ဘယ်ခြမ်းမှာ ပုံစံကောင်း ပြသနိုင်ခဲ့ပါတယ်။ ခံစစ်တန်းနဲ့ ဂိုးသမား တို့ကလည်း တာဝန်ကျေပွန်နေဆဲ ဖြစ်ကာ ရာယာ ကတော့ ရွှေလက်အိတ်ဆုကို ရဖို့ နီးသထက် နီးလာခဲ့ပါပြီ။ အကယ်၍ လူစားဝင် ကစားသမားတွေသာ အဆုံးသတ်ပိုင်း ကောင်းမွန်ခဲ့မယ် ဆိုရင် အာဆင်နယ်တို့ အခုထက် ပိုတဲ့ ရလဒ်နဲ့ ချဲလ်ဆီးကို အနိုင်ရခဲ့ပါတယ်။ ဘာပဲပြောပြော အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းထဲမှာ ဆက်ရှိနေခဲ့ပြီး လက်ကျန် ၄ ပွဲကို ဒီလိုမျိုး ခြေစွမ်းနဲ့ ကစားနိုင်မယ် ဆိုရင် ဘာမဆို ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်မှာတော့ အဓိက ပြိုင်ဘက် မန်ချက်စတာစီးတီးထက် ၂ ပွဲ ပိုကစားပြီး ၄ မှတ်ဖြတ်ကာ အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လာမယ့် ဧပြီ ၂၈ ရက်နေ့မှာ စပါးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိပြီးတော့ ချဲလ်ဆီး ကတော့ အက်စတွန်ဗီလာရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်