နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပီအက်စ်ဂျီရဲ့ ဆက်ဆံပုံက မက်ဆီနဲ့ မထိုက်တန်လို့ ဘာစီလိုနာကို ပြန်လာဖို့ ဆာဂျီ ရော်ဘတ်တို ပြော၊ သတိထားရတော့မယ့် ကင်မ် ကာဒရစ်ရှန်ရဲ့ ကျိန်စာ (လီဂူးဝမ်း နောက်ဆုံးရ သတင်းများ)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပီအက်စ်ဂျီရဲ့ ဆက်ဆံပုံက မက်ဆီနဲ့ မထိုက်တန်လို့ ဘာစီလိုနာကို ပြန်လာဖို့ ဆာဂျီ ရော်ဘတ်တို ပြော၊ သတိထားရတော့မယ့် ကင်မ် ကာဒရစ်ရှန်ရဲ့ ကျိန်စာ စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၀ ရက်နေ့ ညပိုင်း လီဂူးဝမ်း သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပီအက်စ်ဂျီရဲ့ ဆက်ဆံပုံတွေက မက်ဆီနဲ့ မထိုက်တန်လို့ ဘာစီလိုနာ ပြန်လာဖို့ ဆာဂျီ ရော်ဘတ်တို ပြော

ပီအက်စ်ဂျီ အသင်းရဲ့ ဆက်ဆံပုံတွေဟာ လီယွန်နယ် မက်ဆီ အပေါ်မှာ မျှတမှု မရှိတာကြောင့် ဘာစီလိုနာ အသင်းထံ ပြန်လာခဲ့ဖို့ စပိန် ကလပ်ရဲ့ နောက်ခံလူ ဆာဂျီ ရော်ဘတ်တိုက တိုက်တွန်းခဲ့ပါတယ်။

မက်ဆီက ဘာစီလိုနာနဲ့ စာချုပ် ကုန်ဆုံးပြီးနောက် ၂၀၂၁ မှာ လီဂူးဝမ်း ကလပ်ထံ အလွတ်ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ မက်ဆီနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ ကောင်းမွန်မှု မရှိတဲ့ ဆက်ဆံပုံတွေကို ပြီးခဲ့တဲ့ ရာသီ ကလည်း ခံခဲ့ရပြီး အခုလည်း ရန်းစ် အသင်းကို အရေးနိမ့်တဲ့ ပွဲမှာ မက်ဆီ တစ်ယောက် လှောင်ပြောင်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။

ရော်ဘတ်တိုက “ကျွန်တော်တို့ ကစားသမားတွေက မက်ဆီ ပြန်လာမှာကို စောင့်ဆိုင်းနေကြပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီမှာ ဂိုးတွေ အများကြီး သွင်းပြီး ဂိုးဖန်တီးမှုတွေလည်း အများကြီး လုပ်နေပေမယ့် ကောင်းမွန်စွာ ဆက်ဆံခံရခြင်း မရှိပါဘူး။ ဒီလို အံ့မခန်း ကစားသမား တစ်ဦးကို ဒီလို ပုံစံနဲ့ ဆက်ဆံတာက အလွန်ဆိုးပါတယ်။ သူသာ ပြန်လာခဲ့ရင် ကျွန်တော် တို့က သူ့ကို ကောင်းမွန်စွာ ဆက်ဆံမှာပါ”လို့ ဆိုခဲ့ပါတယ်။ မက်ဆီကို ခေါ်ယူဖို့ ဘာစီလိုနာ၊ မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီနဲ့ ဆော်ဒီ ကလပ်တွေက စိတ်ဝင်စားနေကြပေမယ့် ကစားသမား ကတော့ ရာသီကုန် မှသာ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။


ပီအက်စ်ဂျီ အဝတ်လဲခန်းထဲ တန်းဝင်သွားတဲ့ မက်ဆီ ဝေဖန်ခံနေရ

စီးရီးအေ
အင်တာမီလန်
ဂျူဗင်တပ်စ်
1X2 သရေ (Draw) @ 3.45
ဂိုးအောက် 2.50 @ 2.02
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.38
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရန်းစ်ကို အရေးနိမ့်ခဲ့တဲ့ ပြင်သစ် လီဂူးဝမ်း ပွဲစဉ် အပြီးမှာ မက်ဆီ တယောက် ပရိသတ်တွေကို မနှုတ်ဆက်ဘဲ ဥမင် အတွင်း တန်းဝင်သွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီတို့ အိမ်ကွင်း မှာပဲ အရေးနိမ့်ခဲ့ရတာ ဖြစ်ပြီး မက်ဆီ တစ်ယောက် တော်တော်လေး စိတ်ပျက်လက်ပျက် ဖြစ်ခဲ့တာ ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

မက်ဆီဟာ ပွဲအပြီးမှာ နှစ်ဖက် ကစားသမားတွေ နှုတ်ဆက်ကာ ဂျာစီချင်း လဲလှယ်ပြီးနောက် အဝတ်လဲခန်းထဲ တန်းပြေးသွားခဲ့တာပါ။ အဲဒီ အချိန်မှာ အခြား ပီအက်စ်ဂျီ ကစားသမားတွေက ပရိသတ်တွေကို နှုတ်ဆက်ကာ ရှုံးပွဲ အတွက် နှစ်သိမ့်နေကြတာ ဖြစ်ပြီး မက်ဆီရဲ့ ဒီအပြုအမူက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ရုပ်သံ မှတ်တမ်းတွေ ကလည်း မက်ဆီ ဥမင်ထဲ တန်းဝင်ခဲ့တာကို တောက်လျှောက် ရိုက်ကူးနေခဲ့ပါတယ်။ မက်ဆီဟာ ခေါင်းငိုက်စိုက်ချပြီး ဝင်သွားခဲ့ကာ သူ့ အမူအရာက စိတ်ဓာတ်ကျနေခဲ့တယ် ဆိုတာ အထင်းသား ပေါ်လွင်နေခဲ့ပါတယ်။ ပရိသတ်တွေ ကတော့ မက်ဆီ တစ်ယောက် ပီအက်စ်ဂျီ ကနေ သေချာပေါက် ထွက်ခွာလိမ့်မယ်လို့ သုံးသပ်နေကြပါပြီ။


ဘောလုံး အသင်းတွေ သတိထားရတော့မယ့် ကင်မ် ကာဒရစ်ရှန်ရဲ့ ကျိန်စာ

မနေ့ည ကတော့ သူမဟာ ပီအက်စ်ဂျီနဲ့ ရန်းစ် တို့ရဲ့ လီဂူးဝမ်း ပွဲစဉ်ကို သွားရောက် အားပေးခဲ့ရာ မှာလည်း အိမ်ရှင် ပီအက်စ်ဂျီတို့ အရေးနိမ့်ခဲ့ရပါတယ်။
ရန်းစ်ကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပီအက်စ်ဂျီ

အမေရိကန် နာမည်ကျော် Social Influencer ကင်မ် ကာဒရစ်ရှန် ကတော့ ဘောလုံး အသင်းတွေ သတိထားရမယ့်သူ ဖြစ်လာခဲ့ပါပြီ။ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး အဖြစ်နဲ့ ရပ်တည်နေသလို ပုရိသတွေ အပေါ် လွှမ်းမိုးမှု ရှိတဲ့ ကာဒရစ်ရှန်က ပြီးခဲ့တဲ့ တစ်ပတ် အတွင်း မှာပဲ ဘောလုံးပွဲ နှစ်ပွဲကို သွားရောက် ကြည့်ရှုခဲ့ပြီး အဆိုပါ နှစ်ပွဲ စလုံးမှာ အိမ်ရှင် အသင်းတွေပဲ အရေးနိမ့်ခဲ့ပါတယ်။

သူမဟာ အာဆင်နယ်နဲ့ စပို့တင်းလစ္စဘွန်းတို့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲကို အမ်းမရိတ်စ်ကွင်းမှာ သွားရောက် အားပေးခဲ့တာပါ။ အဲ့ဒီပွဲမှာ အာဆင်နယ်က ပင်နယ်တီ အဆုံးအဖြတ်နဲ့ စပို့တင်းလစ္စဘွန်းကို အရေးနိမ့်ခဲ့ပြီး ကာဒရစ်ရှန် အားပေးခဲ့တဲ့ အသင်း အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

မနေ့ည ကတော့ သူမဟာ ပီအက်စ်ဂျီနဲ့ ရန်းစ် တို့ရဲ့ လီဂူးဝမ်း ပွဲစဉ်ကို သွားရောက် အားပေးခဲ့ရာ မှာလည်း အိမ်ရှင် ပီအက်စ်ဂျီတို့ အရေးနိမ့်ခဲ့ရပါတယ်။ သူမက ဒီပွဲမှာ အိမ်ရှင် ပီအက်စ်ဂျီကို အားပေးခဲ့တာ ဖြစ်ပြီး သူမ အားပေးတဲ့ အသင်းတွေ တိုက်ဆိုင်စွာပဲ အရေးနိမ့်ခဲ့တာပါ။ ပိုပြီး ထူးခြားတာ ကတော့ အဆိုပါ အသင်းတွေဟာ ပြိုင်ဘက်ကို အနိုင်ရမယ်လို့ အားလုံးက တွက်ဆထားကြပေမယ့် ထူးခြား တိုက်ဆိုင်စွာ နဲ့ပဲ အရေးနိမ့်ခဲ့ကြပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်