နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘက်မရွေးပဲ ဂိုးပေါ် တစ်ပေါက်ထဲ ရွေးချယ်သင့်တဲ့ပွဲ | လာလီဂါ (ပွဲကြိုသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အက်တလက်တီကိုမက်ဒရစ် – ဘီလ်ဘာအို

အခုတစ်ပတ် လာလီဂါ ပွဲစဉ် ၃၃ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် အက်တလက်တီကို မက်ဒရစ်နဲ့ ဘီလ်ဘာအိုတို့ မက်ထရိုပိုလီတာနို ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အမှတ်ပေးဇယား အဆင့် ၄နဲ့ ၅ နေရာမှာ အထက်အောက် ရပ်တည်နေတဲ့ နှစ်သင်းရဲ့ ဥရောပဝင်ခွင့် အတွက် အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အက်တလက်တီကိုမက်ဒရစ်က ချန်ပီယံလိဂ် ကို လက်ပြခဲ့ရပြီးနောက် လာလီဂါကို ပြန်လည် အာရုံစိုက်ဖို့ ရှိပေမယ့် ပြီးခဲ့တဲ့ ပွဲမှာတော့ အလာဗက်စ်ကို မထင်မှတ်ပဲ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လက်တလော အဆင့် ၄ နေရာမှာ ရှိနေတဲ့ အက်တလက်တီကို မက်ဒရစ်က ဘီလ်ဘာအိုရဲ့ ၃ မှတ် အကွာကနေ ဖိအားပေးခြင်း ခံနေရပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စိုးရိမ်နေရပါတယ်။ ဒီပွဲမှာသာ တီကိုတို့ ရှုံးနိမ့်ခဲ့ရင် ဘီလ်ဘာအိုရဲ့ ကျော်တက်ခြင်း ခံရမှာ ဖြစ်လို့ အမှားမခံစတမ်း ကစားမှာပါ။ ဒီရာသီ တီကိုရဲ့ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၁၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး ရီးရဲလ်မက်ဒရစ် ပြီးရင် အကောင်းဆုံး ဖြစ်ပါတယ်။

ဘီလ်ဘာအို ကတော့ မာယော့ကာကို အနိုင်ရပြီးနောက် နောက်ဆုံး ၂ ပွဲဆက် သရေကျထားပါတယ်။ လက်တလော လာလီဂါ အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဘီလ်ဘာအိုက ယူရိုပါလိဂ် ဝင်ခွင့်ရဖို့တော့ သေချာသလောက် ရှိနေပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်က ချန်ပီယံလိဂ် ဝင်ခွင့်ပါ။ အထက်မှာ ပြောခဲ့သလိုပဲ ဘီလ်ဘာအိုက ဒီပွဲ နိုင်ရင် တီကိုရဲ့ အဆင့် ၄ နေရာကို လုယူနိုင်မှာ ဖြစ်လို့ အစွမ်းကုန် အားထည့်လာမှာပါ။ ဒါ့အပြင် ဘီလ်ဘာအိုဟာ တီကိုနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပါတယ်။ ဘီလ်ဘာအိုရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၅ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၅ ပွဲ ရှုံးထားပါတယ်။


နှစ်ဖက်အသင်း သတင်းများ

လက်တလော လာလီဂါ အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဘီလ်ဘာအိုက ယူရိုပါလိဂ် ဝင်ခွင့်ရဖို့တော့ သေချာသလောက် ရှိနေပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်က ချန်ပီယံလိဂ် ဝင်ခွင့်ပါ။
အက်တလက်တီကိုမက်ဒရစ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားတဲ့ ဘီလ်ဘာအို

အခုပွဲကိုတော့ တီကို ဘက်က ဗီတိုလို၊ ဒီပေး၊ ပေါ်လိုတို့ လွဲချော်ဖို့ ရှိပြီး မိုရာတာ ကတော့ ကြံ့ခိုင်မှု မပြည့်ဝသေးလို့ လွဲချော်ဖွယ် ရှိနေပါတယ်။

ဘီလ်ဘာအို ဘက်မှာတော့ ကစားသမား အားလုံး ပွဲထွက်ကစားနိုင်ဖို့ ရှိနေပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

အက်တလက်တီကိုမက်ဒရစ် – အိုဘလက်ခ်၊ ဟင်မီနက်ဇ်၊ ဆာဗစ်၊ အက်ဇ်ပီလီကွယ်တာ၊ ဒီပေါလ်၊ ကိုကီ၊ ဘာရီရို့စ်၊ မိုလီနာ၊ လီနို၊ ကော်ရီယာ၊ ဂရစ်ဇ်မန်း

ဘီလ်ဘာအို – ဆီမွန်၊ ပါရီဒက်စ်၊ ဗီဗီယန်၊ ဘာချီချီ၊ ဒီမားကို့စ်၊ ဂိုမက်ဇ်၊ ဒီဂယ်လာရက်တာ၊ ဆန်စက်၊ နီကို ဝီလီယမ်စ်၊ အင်နာကီ ဝီလီယမ်စ်၊ ဂူရူဇီတာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ တီကိုက ၁၉ ကြိမ် နိုင်ပြီး ဘီလ်ဘာအိုက ၁၀ ကြိမ် အနိုင်ရခဲ့ပါတယ်။ ဘီလ်ဘာအိုဟာ တီကို နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပြီး လာလီဂါ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ နှစ်ကြိမ်စီ အနိုင်ရထားကြပြီး ၁ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ တီကိုက ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးပြီး ဘီလ်ဘာအိုက ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အက်တလက်တီကိုမက်ဒရစ် နိုင်ရင် ၂.၀၂ ဆ၊ အက်တလက်တီကိုမက်ဒရစ် နိုင်ရင်တော့ ၃.၄၄ ဆ၊ သရေ ဆိုရင်တော့ ၃.၁၇ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အက်တလက်တီကိုမက်ဒရစ်က သရေ တစ်ဝက်ရှုံး၊ သရေ အရှုံး၊ တစ်လုံး တစ်ဝက်စားကြေးတွေ ပေးထားပါတယ်။ ဂိုးပေါင်း ကတော့ ၃ လုံး ဆို ပျော်ရွှင်ရပါပြီ။ ဒီနှစ်သင်းက လက်ရှိမှာ ခြေစွမ်းသိပ်မကွာလို့ အနိုင်အရှုံး မှန်းဆရခက်ပါတယ်။ နှစ်သင်းစလုံးက ဂိုးတွေ ရသလို ဂိုးတွေလည်း ပြန်ပေးနေရလို့ ဒီပွဲမှာတော့ ဂိုးပေါ်ပဲ ရွေးချယ်ထားချင်ပါတယ်။


ခန့်မှန်းရလဒ်

အက်တလက်တီကိုမက်ဒရစ် ၂-၁ ဘီလ်ဘာအို

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်