နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစဉ်အလာကို ပြန်ကြည့်ပြီး ဂိုးအနည်းကို ရွေးချယ်ထားရမယ့်ပွဲ | လာလီဂါ (ပွဲကြိုသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကာဒစ်ဇ် မာယော့ကာ

လာလီဂါ ပွဲစဉ် ၃၃ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ကာဒစ်ဇ်နဲ့ မာယော့ကာတို့ Estadio Nuevo Mirandilla မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ လာလီဂါ အမှတ်ပေးဇယား အောက်နားမှာ ရှိနေတဲ့ နှစ်သင်းရဲ့ တန်းဆင်းဇုန် ဖိအားအောက်က ရုန်းထွက်ဖို့ ကြိုးစားကြမှာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကာဒစ်ဇ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၂ ပွဲဆက် ရှုံးပွဲ တွေ့ခဲ့ပြီးနောက် တန်းဆင်းဇုန်ထဲမှာ ဆက်ရှိနေခဲ့ပြီး အဆင့် ၁၇ နေရာက အသင်းနဲ့ ၆ မှတ် အထိ ပြတ်သွားခဲ့ပါပြီ။ လက်ကျန် ပွဲစဉ် ၆ ပွဲသာ ကစားဖို့ ကျန်ရှိတော့ချိန်မှာ သင်္ချာနည်းအရ တန်းမဆင်းရသေးပေမယ့် မျှော်လင့်ချက်တော့ ဝေဝါးစပြုလာပြီလို့ ပြောလို့ ရပါတယ်။ မော်ရီစီယို ပယ်လီဂရီနို အသင်းရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၄ ပွဲနိုင်၊ ၇ ပွဲ သရေ၊ ၅ ပွဲ ရှုံးထားလို့ အားရစရာ အခြေအနေတော့ မဟုတ်ပါဘူး။

မာယော့ကာ ကလည်း လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တာပါ။ လက်တလော လာလီဂါ တန်းဆင်းဇုန်ရဲ့ အထက်မှာ ၆ မှတ် အသာနဲ့ ရပ်တည်နေတဲ့ မာယော့ကာက တန်းဆင်းဇုန် ဖိအားတော့ သိပ်မရှိတော့ဘူးလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့်လည်း စိတ်ချရဖို့ အတွက် တတ်နိုင်သမျှ ရလဒ်ကောင်း ရှာဖွေဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ မာယော့ကာရဲ့ ဒီရာသီ အဝေးကွင်း ရလဒ်ကို ပြန်ကြည့်ရင် ၁ ပွဲနိုင်၊ ၆ ပွဲ သရေ၊ ၉ ပွဲ ရှုံးခဲ့ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ကာဒစ်ဇ် ဘက်ကာ ဒါဝင် မာချိစ်၊ အီမီတာရီယို၊ မာရီ၊ မီရေး၊ ဟာနန်ဒက်ဇ်၊ ကူအာမီတို့ လွဲချော်ဖို့ ရှိပါတယ်။

မာယော့ကာ ဘက်မှာတော့ ဂျိုဆေး ကိုပီတီ တစ်ဦးတည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ကာဒစ်ဇ် လီဒက်စ်မာ၊ ချက်စ်၊ အူဆူ၊ ဟာနန်ဒက်ဇ်၊ ကာကယ်လန်၊ ဖာနန်ဒက်ဇ်၊ အဲလ်ကာရက်ဇ်၊ နဗားရိုး၊ ဆိုဘရီနို၊ ဂိုးမက်ဇ်၊ ဂျူအန်မီ

မာယော့ကာ – ရက်ဂျ်ကိုဗစ်၊ ဗဲလ်ဂျန့်တ်၊ ရိုင်လို၊ နတ်စတာဆစ်၊ ကော်စတာ၊ မက်ဖ်ဖီယို၊ ဆာမူ၊ ရိုဒရီဂတ်ဇ်၊ ဆန်းချက်ဇ်၊ မူရီကီ၊ ရန်ဒွန်ဂျစ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ ကာဒစ်ဇ်က ၁ ကြိမ်နိုင်၊ မာယော့ကာက ၃ ကြိမ် နိုင်ပြီး ၅ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ လာလီဂါ တွေ့ဆုံမှု ၅ ကြိမ်မှာ မာယော့ကာက ၂ ကြိမ်နိုင်၊ ကာဒစ်ဇ်က ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ကာဒစ်ဇ် ကွင်းမှာတော့ ၄ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ကာဒစ်ဇ်က ၁ ကြိမ် နိုင်ပြီး ၃ ကြိမ် သရေကျခဲ့ပါတယ်။ ထူးခြားချက်က ပွဲတိုင်းလိုလို ဂိုးအောက်ခဲ့တာ ဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ကာဒစ်ဇ် နိုင်ရင် ၂.၅၃ ဆ၊ မာယော့ကာ နိုင်ရင် ၂.၉၄ ဆ၊ သရေ ဆိုရင်တော့ ၂.၇၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ ကာဒစ်ဇ်က ဒဲ့ကြေးနဲ့ သရေ တစ်ဝက်ရှုံး၊ သရေ အရှုံးကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကြေးကလည်း ဂိုးအောက် ဖြစ်ဖို့ ဦးတည်နေတဲ့ ပုံပါပဲ။ ဒီနှစ်သင်းက လက်ရှိမှာ တန်းမဆင်းရရေး ရုန်းကန်နေရတဲ့ အသင်းတွေ ဖြစ်လို့ ဘက်ရွေးရတာ အန္တရာယ်များပါတယ်။ ဒါကြောင့် ပိုပြီး သေချာမှု ရှိမယ့် ဂိုးပေါင်းကို စဉ်းစားသင့်ပါတယ်။ လက်ရှိမှာ နှစ်သင်းစလုံးက တိုက်စစ် အားနည်းနေသလို အစဉ်အလာအရလည်း တွေ့ဆုံချိန်တိုင်း သွင်းဂိုးတွေ နည်းခဲ့လို့ ကျနော် ကတော့ နှစ်သင်းပေါင်း ၂ လုံးထက် ပိုမသွင်းဘူးလို့ ယုံကြည်ပါတယ်။

ခန့်မှန်းရလဒ်

ကာဒစ်ဇ် ၁-၁ မာယော့ကာ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်