နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်လင်ဟမ်ရဲ့ နောက်ကျဂိုးနဲ့ ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ (ပွဲပြီးသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရီးရဲလ်မက်ဒရစ် ၃-၂ ဘာစီလိုနာ

   ရီးရဲလ်မက်ဒရစ်နဲ့ ဒီကနေ့ မနက် အစောပိုင်းက လာလီဂါမှာ အယ်လ်ကလက်ဆီကို ပွဲစဉ် ကစားသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အယ်လ်ကလက်ဆီကို ထုံးစံ အတိုင်း အကြိတ်အနယ် ရှိခဲ့ပြီး ဘယ်လင်ဟမ် ကယ်လို့သာ ၃-၂ ရလဒ်နဲ့ အနိုင်ရပြီး ၃ မှတ် အပြည့်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ရီးရဲလ်မက်ဒရစ်က ၄-၁-၂-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး လူနင်၊ ရူဒီဂါ၊ ချူအာမန်နီ၊ ကာမာဗင်ဂါ၊ ဗက်စ်ကွက်ဇ်၊ ဗယ်လ်ဗာဒီ၊ ခရူးစ်၊ မိုဒရစ်၊ ဘယ်လင်ဟမ်၊ ဗင်နီးစီးယပ်စ်၊ ရိုဒရီဂို တို့ ပါဝင်ကစားခဲ့ပါတယ်။ ဘာစီလိုနာ ကတော့ ၄-၃-၃ အခင်းအကျင်းနဲ့ အတူ တာစတီဂျန်၊ အာရူဟို၊ ကူဘာဆီ၊ ကန်ဆယ်လို၊ ခရစ္စတန်ဆန်၊ ဂွန်ဒိုအန်၊ ဒီယောင်၊ ရာမယ်၊ ရာဖင်ဟာ၊ လီဝမ်ဒေါစကီး တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲချိန် ၆ မိနစ် မှာတင်ပဲ ခရစ္စတန်ဆန်က ခေါင်းတိုက်ဂိုးနဲ့ ဘာစီလိုနာကို ဦးဆောင်စေခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ကလည်း ၁၈ မိနစ်မှာ ရတဲ့ ပင်နယ်တီနဲ့ ပြန်လည် ချေပနိုင်ခဲ့ပါတယ်။ အဲ့နောက် ရာဖင်ညာရဲ့ ကန်ချက် ဂိုးဝင်လုနီးပါး ဖြစ်ခဲ့ပေမယ့် လူနင် အချိန်မှီ ဂိုးစည်းပေါ်ကနေ တားဆီးနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်တို့ သက်သာရာရခဲ့ပါတယ်။ အဲ့နောက် နှစ်သင်းစလုံး အခွင့်အရေး ကိုယ်စီနဲ့ ၁-၁ ရလဒ်နဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။ ဒီယောင် တစ်ယောက် ဗယ်လ်ဗာဒီနဲ့ ထိခိုက်မိခဲ့တာကြောင့်လည်း ကတ်နဲ့ သယ်ထုတ်သွားခဲ့ရပြီး ပက်ဒရီနဲ့ လူစားလဲခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ဘာစီလိုနာက ပွဲကို ပိုမို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် ဘက်ကို အချိတ်အဆက်မိမိနဲ့ ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲချိန် ၆၉ မိနစ်မှာ လိုပက်ဇ်ရဲ့ ဂိုးနဲ့ ဘာစီလိုနာတို့ နောက်ထပ် တစ်ကြိမ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂိုးပေးလိုက်ရပြီးတဲ့နောက် တရစပ် ပြန်လည် ဖိအားပေးလာတဲ့ ရီးရဲလ်မက်ဒရစ်ကြောင့် ဘာစီလိုနာတို့ ရုန်းကန်ခဲ့ရပြီး ၇၃ မိနစ်မှာ လူးကပ်စ် ဗက်စ်ကွက်ဇ်က ဗင်နီးစီးယပ်စ်ရဲ့ ဖန်တီးပေးမှုကို အားပါပါ ပိတ်သွင်းရင်း ရီးရဲလ်တို့ ချေပဂိုး ရခဲ့ပါတယ်။ ၂-၂ ဖြစ်သွားချိန်မှာ ဘာစီလိုနာက ပွဲကို တဖန် ပြန်လည် ထိန်းချုပ်လာခဲ့ပေမယ့် အနိုင်ဂိုး ရသွားခဲ့တာက ရီးရဲလ်မက်ဒရစ် ဖြစ်ပြီး ထုံးစံ အတိုင်း နောက်ကျဂိုးတွေနဲ့ ကယ်တင်နေကျ ဂျူ့ဒ် ဘယ်လင်ဟမ် ကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

တကယ်တမ်း ဒီနေ့ပွဲမှာ ခြေစွမ်းပိုကောင်းခဲ့တာက ဘာစီလိုနာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ကတော့ အဆုံးသတ်ပိုင်း အားကောင်းခဲ့လိုသာ အဖိုးတန် ၃ မှတ် ရခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်က အမှတ်ပေးဇယား ထိပ်ကနေ ၁၁ မှတ် ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး လက်ကျန် ၆ ပွဲသာ ကျန်ရှိတော့ချိန်မှာ လာလီဂါ ချန်ပီယံ ဖြစ်ဖို့ အခြေအနေ ကောင်းနေပြီ ဖြစ်ပါတယ်။ ဘာစီလိုနာ ကတော့ အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ သေချာသလောက် ရှိနေခဲ့ပေမယ့် အဆင့် ၃ နေရာက ဂီရိုနာရဲ့ အနီးကပ် ပေးမှုကိုတော့ ခံနေရဆဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ဧပြီ ၂၇ ရက်နေ့မှာ လာလီဂါ ပွဲစဉ် အဖြစ် ရီးရဲလ်ဆိုစီဒက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီးတော့ ဘာစီလိုနာ ကတော့ ၃၀ ရက်နေ့မှာ ဗလင်စီယာနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်