နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ်နိုင်ပွဲ ကိုယ်စီရပြီး ပလေးအော့ဖ် ဗိုလ်လုပွဲမှာ တွေ့ဆုံတော့မယ့် ဝေးလ်စ်နဲ့ ပိုလန် | ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် (ပွဲပြီးသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဒီကနေ့ မနက် ၂ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေ မှာတော့ ဝေးလ်စ်နဲ့ ပိုလန်တို့ ဂိုးပြတ် နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။


ဝေးလ်စ် ၄-၁ ဖင်လန်

ရောဘတ် ပေ့ချ်က ဝေးလစ်ဟာ ဒီနေ့ပွဲမှာ ၃-၄-၂-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဝက်ဒ်၊ ရွန်ဒွန်၊ မီဖမ်း၊ ဒေးဗီးစ်၊ အမ်ပါဒူ၊ ဝီလီယမ်စ်၊ ရောဘတ်၊ ဝီလ်ဆင်၊ ဂျွန်ဆင်၊ ဘရွတ်ခ် တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပါတယ်။ ဖင်လန် ဘက်ကလည်း ဟွာဒက်ကီ၊ အိုင်ဗန်နော့ဗ်၊ လော့ဒ်၊ ပွတ်ကီ တို့လို အဓိက ကစားသမားတွေကို ပွဲထုတ်လာခဲ့ပြီး ကာဒစ်ဖ်မှာ မထင်မှတ်တာတွေ လုပ်ပြနိုင်ဖို့ ပြင်ဆင်လာခဲ့တာပါ။

ဝေးလ်စ်ဟာ ပွဲအစပိုင်းမှာ မျှော်လင့်ထားသလောက် ခြေစွမ်းပြသနိုင်ခဲ့ခြင်း မရှိပဲ ဖင်လန် ကတောင် ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၃ မိနစ်မှာ ဝေးလ်စ်တို့ မထင်မှတ်ပဲ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ဟယ်ရီ ဝီလ်ဆင်ရဲ့ ဖန်တီးပေးမှုကနေ ဘရွတ်ခ်က သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ဖင်လန်တို့ ဝေးလ်စ် ဘက်ကို တစ်ဖက်သတ် ဖိကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝေးလ်စ်ကပဲ ၃၈ မိနစ်မှာ ဂိုးထပ်ရခဲ့ပြီး နီကို ဝီလီယမ်စ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာတော့ ဖင်လန် အတွက် ပွတ်ကီက ချေပဂိုး သွင်းခဲ့လို့ ၂-၁ ရလဒ် ဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဝေးလ်စ်တို့ အနိုင်သေချာစေဖို့ တိုက်စစ်မြှင့်လာခဲ့တာကြောင့် ၄၇ မိနစ်မှာ နောက်ထပ် တစ်ဂိုး ထပ်ရခဲ့ပါတယ်။ အဲ့နောက် ၇၉ မိနစ်မှာ ဘန်ဒေးဗီးစ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခံခဲရတာကြောင့် ဝေးလ်စ်တို့ နစ်နာခဲ့ရပါတယ်။ ၈၆ မိနစ်မှာတော့ ဒန်ဂျိမ်းစ်က အနိုင်ပိုပြီး သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့လို့ ဝေးလ်စ်တို့ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်
နော်တင်ဟမ် ဖောရက်စ်
ခရစ္စတယ်ပဲလေ့စ်
1X2 သရေ @ 3.13
ခရစ္စတယ်ပဲလေ့စ် အာရှ ဟန်းဒီးကပ် 0.00 @ 2.29
ဂိုးပေါ် 2.50 @ 2.12
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပိုလန် ၅-၁ အက်စတိုးနီးယား

တစ်ဖက်မှာ ပိုလန် ကလည်း ကြောက်မက်ဖွယ်ရာ ခြေစွမ်းနဲ့ အသင်းငယ်လေး အက်စတိုးနီးယားကို ဂိုးပြတ် သွင်းပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုလန်က ဒီနေ့ပွဲမှာ ၃-၅-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ရောဘတ် လီဝမ်ဒေါစကီး ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ဆက်ဇီနီ၊ ဘက်ဒ်နာရက်ခ်၊ ယာကုပ် ခီဗီယော၊ ဇာလက်စကီး၊ ဇီလင်းစကီး၊ ဆွိုင်ဒါးစကီး တို့လို ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ အက်စတိုးနီးယား ကလည်း သူတို့မှာ ရှိတဲ့ အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပေမယ့် ပိုလန်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ 

ပိုလန်ဟာ ဒီနေ့ပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး ဂိုးပေါက် ကန်ချက် ၂၅ ကြိမ် ဂိုးပေါက်တည့်မှု ၁၀ ကြိမ် အထိ ရှိခဲ့ပြီး အက်စတိုးနီးယားကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် လီဝမ်ဒေါစကီး ဆွိုင်ဒါးစကီး တို့ ဦးဆောင်တဲ့ တိုက်စစ်က အဆုံးသတ် သေချာခဲ့ရင် အခုထက် ပိုပြီး ဂိုးတွေ ရခဲ့မှာ ဖြစ်ပါတယ်။ ပိုလန်ဟာ ပထမပိုင်းမှာ ဖရန့်ကောစကီးရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ၄ ဂိုး ထပ်သွင်းပြီး ကြီးမားတဲ့ နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။ ပိုလန် အတွက် နောက်ထပ် သွင်းဂိုးတွေ ကိုတော့ ဇီလင်းစကီး၊ ပီထရောစကီး၊ ဇီမန်းစကီးနဲ့ မတ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုတွေကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ပိုလန်ရဲ့ တောင်ပံနှစ်ဖက်က တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့ပြီး ဖြတ်တင်ဘောတွေ ကလည်း တိကျ သေသပ်လွန်းခဲ့ပါတယ်။ အာဆင်နယ် ဘယ်နောက်ခံလူ ခီဗီယောရဲ့ အရေးပါမှုကိုလည်း ထပ်မံမြင်တွေ့ခဲ့ရပြီး ဒီကစားသမားဟာ လာမယ့် ကာလ အတွင်းမှာ အခုထက် ပိုပြီး တောက်ပလာဦးမယ် ဆိုတာ သေချာနေပြီ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်

နိုင်ပွဲ ကိုယ်စီ ရရှိခဲ့တဲ့ ပိုလန်နဲ့ ဝေးလ်စ်တို့ဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံတော့မှာ ဖြစ်တာကြောင့် စိတ်ဝင်စားစရာ ပွဲကောင်းတစ်ပွဲ ဖြစ်လာတော့မှာပါ။ ဒါကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲကို ဒီနှစ်သင်းထဲက ဘယ်အသင်း တက်ရောက်သွားမလဲ ဆိုတာ မတ်လ ၂၇ ရက်နေ့မှာ အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်