နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကြံရာမရတဲ့ အဆုံး တန်ဟက်ဂ်ကို နည်းပြ လျာထားစာရင်းမှာ ထည့်လာတဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

နာမည်ကျော် နည်းပြ တစ်ဦး ဖြစ်တဲ့ ဇီဒန်း ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်နဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဘေယန်မြူးနစ်ရဲ့ နည်းပြသစ် လျာထားစာရင်းမှာ ထူးဆန်းစွာနဲ့ပဲ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်လည်း ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

ဘေယန်မြူးနစ်ဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဘွန်ဒက်လီဂါ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပြီးနောက် ရာသီအကုန်မှာလည်း လက်ရှိ နည်းပြ သောမက်စ် တူချယ်နဲ့ လမ်းခွဲမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ရာသီမှာ နည်းပြသစ် တစ်ဦး အစားထိုးဖို့ ရှာဖွေနေပြီး နာမည်ကျော် နည်းပြ အများအပြားကို လျာထား စာရင်းထဲ ထည့်ထားတာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်ဟာ လစ်ဗာပူးလ်က စိတ်ဝင်စားခဲ့တဲ့ ဇာဘီ အလွန်ဆို စိတ်ဝင်စားနေပေမယ့်လည်း လေဗာကူဆင်မှာပဲ ဆက်ရှိနေဖို့ အတည်ပြုခဲ့တာကြောင့် လျာထား စာရင်းထဲ ကနေ ဖယ်ထုတ်ခဲ့ရပါတယ်။ ဒါ့အပြင် ဂျူလီယန် နေဂဲလ်စ်မန်း ကလည်း အလိုင်းရန့်ဇ် အရီနာကို ပြန်လာဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ဂျာမနီ လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဘေယန်မြူးနစ်ရဲ့ နည်းပြ ရှာပုံတော်ဖွင့်ခန်းက မပြီးဆုံးသေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက် နည်းပြဟောင်းနဲ့ နည်းစနစ် ဒါရိုက်တာ အဖြစ် တာဝန်ယူခဲ့တဲ့ ရက်ဖ် ရန်းညက်ဂ်ဟာ ဘေယန်မြူးနစ်တို့ နောက်ဆုံး ချိတ်ဆက်ခဲ့သူ ဖြစ်ပြီး သူဟာလည်းပဲ အလွန်ဆိုနဲ့ နေဂဲလ်စ်မန်း လိုပဲ လက်ရှိ ဩစတြီးယား အသင်းရဲ့ နည်းပြ အဖြစ်သာ ဆက်လက် တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တန်ဟက်ဂ်က ၂၀၁၃ ကနေ ၂၀၁၅ ခုနှစ် အတွင်း ဘေယန်မြူးနစ် ဒုတိယအသင်းမှာ နည်းပြ အဖြစ် တာဝန်ယူခဲ့ဖူးပြီး ဘွန်ဒက်စ်လီဂါ ထိပ်သီးတို့ဟာ သူတို့ရဲ့ နည်းပြဟောင်းနဲ့ တကျော့ပြန် လက်တွဲဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။
နည်းပြ အများအပြားကို ချိတ်ဆက်မှုတွေ ရှိထားပေမယ့် မအောင်မြင်သေးတဲ့ ဘေယန်မြူးနစ်

ဒါကြောင့် ဘေယန်မြူးနစ်က ရာသီအကုန်မှာ လစ်လပ်သွားမယ့် နည်းပြ ရာထူး အတွက် တူချယ် ကိုသာ ဒရမ်မာဆန်ဆန် ဆက်ထားဖို့ ရှိနေခဲ့ပေမယ့် ဂျာမနီ လူမျိုး နည်းပြ ကတော့ အသင်း ကနေ ထွက်ခွာဖို့ပဲ စိတ်အားထက်သန်နေပြီလို့ သိရပါတယ်။

ဖော်မြူလာဝမ်း မိုင်ယာမီ ဂရင်းပရီပွဲကို တက်ရောက်လာတဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကို Sky Sports Germany က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ အသင်းဟောင်း အနေနဲ့ ဘေယန်မြူးနစ်ကို ကျော်ဖြတ်နိုင်မယ်လို့ ထင်သလား ဆိုပြီး မေးမြန်းခဲ့ရာမှာတော့ “မျှော်လင့်ပါတယ် မက်ဒရစ် ၊ ဒါပေမယ့် ဒါဟာ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။”

“အဲ့နောက် ဇီဒန်းကို ဘေယန်မြူးနစ် နည်းပြ ရာထူး အတွက် သွားရောက်မှာလားလို့ မေးမြန်းခဲ့ရာ ၎င်းက “မဟုတ်ဘူး၊ ကျွန်တော် ပွဲကြည့်ဖို့ သပ်သပ်ပဲ သွားမှာပါ။” လို့ ဖြေကြားသွားခဲ့ပါတယ်။

တူချယ် နေရာမှာ အစားထိုးဖို့ ဖြစ်နိုင်ချေရှိတဲ့ အခြား နည်းပြ တစ်ဦး အဖြစ် ဂျူလီယန် လိုပက်တက်ဂီနဲ့ သတင်းတွေ ထွက်နေပေမယ့်လည်း စပိန် လူမျိုး နည်းပြက ရာသီအကုန်မှာ ဝက်စ်ဟမ်း အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ အရ သိရပါတယ်။

ဒါကြောင့် နောက်ဆုံးမှာတော့ ဘေယန်မြူးနစ်က ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ အဲရစ်ခ် တန်ဟက်ဂ်ကို နည်းပြ လျာထားစရင်းထဲမှာ ထည့်သွင်းလာပုံ ရပါတယ်။ တန်ဟက်ဂ်က ၂၀၁၃ ကနေ ၂၀၁၅ ခုနှစ် အတွင်း ဘေယန်မြူးနစ် ဒုတိယအသင်းမှာ နည်းပြ အဖြစ် တာဝန်ယူခဲ့ဖူးပြီး ဘွန်ဒက်စ်လီဂါ ထိပ်သီးတို့ဟာ သူတို့ရဲ့ နည်းပြဟောင်းနဲ့ တကျော့ပြန် လက်တွဲဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။ဒီသတင်း ထွက်ပေါ်လာချိန်မှာတော့ ယူနိုက်တက် ပရိသတ် တော်တော်များများက ဝမ်းသာ ပျော်ရွှင်နေပြီး အသင်း ကနေ ရာသီကုန်မှာ ထွက်ခွာသွားဖို့ မျှော်လင့်လျက် ရှိပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်